Border News Agency
မော်လူး၊ မတ် ၉။
စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ အင်းတော်တော်လှန်ရေးအဖွဲ့မှ မတ်လ ၉ရက်၊ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မော်လူးမြို့နယ် အနီးတဝှိုက်ကို မတ်လ ၉ရက်၊ ဒီနေ့နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းမှနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးဟာ မော်လူးမြို့အနီးက နန်းခွင်းကျင်ကျေးရွာ ဘုန်းကြီးကျောင်းဝန်းအနီးနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအုပ်တံတိုင်းနံရံတွေနဲ့အဆောက်ဦးအချို့ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်တဦးလည်း ခြေမျက်စိဗုံးစထိမှန်ခဲ့ပြီး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့နယ်၊မော်လူးမြို့မှာ ကသာမြို့နဲ့ အင်းတော်မြို့က စစ်ဘေးရှောင်တွေအများစုခိုလှုံနေကြတာဖြစ်ပြီး စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနေထိုင်ရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။












