Border News Agency
ပဲခူး၊ မတ် ၁၁။
ပဲခူးတိုင်း၊ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်မှ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ဒဏ်ရာရနေတဲ့အရပ်သားတွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေတယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ Spring Warriors Column မှမတ်လ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအရပ်သားသုံးထောင်ကျော်ကို ထိခိုက်မှုမရှိဘေးကင်းကင်းနဲ့ လွတ်မြောက်နယ်မြေကိုပို့ဆောင်ပြီးနောက် ဆေးကုသစောင့်ရှောက်မှုပေးနေတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်ခရိုင်၊ ပိန်းဇလုတ်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းကျေးရွာတွေကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားသုံးထောင်ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခံအရပ်သားတွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့ပြီး လွတ်မြောက်နေရာမှာ ဒဏ်ရာရခဲ့တဲ့အရပ်သားတွေကို ဆေးဝါးစောက်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။














