Border News Agency
လယ်ဒို၊ မတ် ၁၇ ။
ကေအဲန်ယူ(KNU)တပ်မဟာ ၃ နယ်မြေ၊ လယ်ဒိုမြို့နယ်အတွင်းကို မတ်လ ၁၃ ရက်ညပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် ၂ ဦးအပါအဝင်ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
အဲဒီသဲဖြူရွာသစ်ကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ရဲ့ ခမရ-၃၀၇ တပ်ရင်းကနေ ၁၂၀ မမလက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကြောင့် အသက် ၄၃ နှစ်အရွယ် ဦးဝင်းဇော်၊ ၄၁ နှစ်အရွယ် ဒေါ်မာလာဝင်းတို့ဇနီးမောင်နှံနဲ့အတူ အသက် ၁၂ နှစ်နဲ့ ၁၀ နှစ်အရွယ် သားအမိတွေပါ စုစုပေါင်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၃ လသားအရွယ် ကလေးငယ်တဦးလည်းဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။










