Border News Agency
မင်းတပ်၊ဇွန်လ ၂၉။
အာဏာသိမ်းစစ်တပ်က စစ်သည်လက်နက်အများအပြားဖြည့်တင်းထိုးစစ်ဆ င်တိုက်ခိုက်နေတဲ့ မင်းတပ်နဲ့ကန်ပက်လက်မှာ ချင်းပြည်သူ့တပ်မတော်နဲ့အ တူ ခုခံတိုက်ခိုက်ပေးနေတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီချင်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ်မြေတွေဟာ အာရက္ခတပ်တော်ထိ န်းချုပ်နယ်မြေတွေနဲ့ဆက်စပ်နေသလိုမတူပီ၊မင်းတပ်၊ကန်ပက်လက်၊ကျင်ဒွေးစတဲ့မြို့သိမ်းတိုက်ပွဲတွေတုန်းကလ ည်း အာရက္ခတပ်တော်စစ်ကူပေးတိုက်ပေးခဲ့တာလို့ မြေပြင်စစ်ရေးသတင်းရ င်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီချင်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခတပ်တော်လည်းစစ်ရေးလှုပ်ရှားနေသလို နဂါးစစ်ဒေသအမည်နဲ့သီးခြားစစ်ဒေသဖွဲ့ပြီးစစ်ရေးတော်တဲ့စစ်ဒေသမှူးတဦးကို တာဝန်ပေးဦးဆောင်စေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီရှိနေပြီး အာဏာသိမ်းစစ်တပ်ရဲ့အင်အားထောင်နဲ့ချီထိုးစစ်တွေကို ခုခံကာကွယ်နိုင်နေတာလို့ ဆိုကြပါတယ်။
“CPAကို တပ်တော်က စစ်ဒေသတခုလုံးကူညီပေးနေတာပါ။ တပ်တော်ကအတော်ဆုံးစစ်ဒေသမှူးတွေထဲကတဦးကိုစစ်ဒေသမှူးတာဝန်ပေးပြီးဦးဆောင်ခို င်းထားတာပါ။အဲဒါကြောင့်အကြမ်းဖ က်စစ်သားတွေရှေ့တိုးမရောက်ကြတာပါ။ တပ်တော်ထိန်းချုပ်နယ်မြေတွေကိုအကြမ်းဖက်စစ်သားတွေထိုးဖောက်ဝင်လာကြဖို့မလွယ်ပါဘူး။”လို့ နဂါးစစ်ဒေသမှမြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ် မြေ မင်းတပ်နဲ့ကန်ပက်လက်ကို အာ ဏာသိမ်းစစ်တပ်ပြန်သိမ်းယူဖို့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်းတိုက်ခိုက်မှုတွေနေ့စဥ်ရ က်ဆက်အပြင်းအထန်ပြုလုပ်နေပါတယ်။
အဲဒီမင်းတပ်နဲ့ကန်ပက်လက်ကို အာ ဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်နိုင်သွားရင် မတူပီနဲ့ကျင်ဒွေးကို ပြန်တိုက်ပြီး ဆမီးနဲ့ပလက်ဝကိုပြန်သိမ်းမယ့်ဗျူဟာလို့ တော်လှန်ရေးအဖွဲ့တွေ ဆိုကြပါတ ယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာဆောနဲ့ကျောက်ထုကိုအခြေပြုအင်အားဖြည့်တင်းပြီး မင်းတပ်နဲ့ကန်ပက်လက်ကို နေ့စဥ်ရက်ဆက်အပြင်းအထန်ထိုးစစ်ဆင်နေပေမယ့်ရှေ့တိုးမရဘဲသေဆုံးဒဏ်ရာရသူတွေများနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“အကြမ်းဖက်စစ်တပ်ကဆောနဲ့ကျော က်ထုကိုအခြေပြုထိုးစစ်ဆင်နေပေမယ့်မင်းတပ်နဲ့ကန်ပက်လက်ကိုတိုးမရောက်ပါဘူး။လေကြောင်းပစ်ကူပေးပြီးရှေ့တိုးဖို့ကြိုးစားတိုင်း လှန်ကျသွားပါတယ်။လေကြောင်းပစ်ကူအများကြီးယူပြီးရှေ့တိုးဖို့ကြိုးစားနေတာပါ။ဒါပေမယ့်မြေပြင်ထိုးစစ်တွေမှာမခံနိုင်လို့အသေများပြီးဆုတ်ပြေးနေကြပါတယ်။”လို့ ကန်ပက်လက်မှမြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ပြန်လည်းဝင်ရောက်တိုက်ခိုက်နိုင်ဖို့ အာဏာသိမ်းစစ်တပ်ဟာ ထိစပ်နယ်မြေအားလုံးကကြိုးစားနေသလို ချ င်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ် မြေတွေကို အလွယ်တကူပြန်သိမ်းနိုင်မယ်ထင်ပြီး သွေးတိုးစမ်းထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။
အဲဒီချင်းပြည်သူ့တပ်မတော်ကို အာရက္ခတပ်တော်က စစ်ရေးအကူအညီတွေအပြင်လူသားချင်းစာနာမှုအကူအညီတချို့လည်းပေးနေတယ်လို့ ဆိုကြပါတ ယ်။
အာရက္ခတပ်တော်တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်နယ်မြေတွေကိုသွားရောက်ခဲ့သလို ချင်းပြည်သူ့တပ်မ တော်တာဝန်ရှိသူတွေလည်း အာရက္ခတ ပ်တော်ထိန်းချုပ်နယ်မြေတွေကိုလာရောက်ခဲ့ကြပါတယ်။










