Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ မတ် ၁၈။

အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှ န်းရေးဖြစ်ပွားခဲ့တဲ့ ၁၉၀၅ ခုနှစ်မှာ စင်ပြိုင်ဖြစ်နေတဲ့တော်လှန်ရေးက ၁၉၀၅ ခုနှစ်၊ရုရှားတော်လှန်ရေး(Russian Revolution of 1905)ပါပဲ။

၁၉၀၅ ခုနှစ်၊ ရုရှားတော်လှန်ရေးဟာ ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊စိန့်ပီတာစဘတ်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူအုပ်ကြီးကို ဇာဘုရင်ရဲ့စစ်တပ်ကပစ်ခတ်ခဲ့တဲ့ “သွေးစွန်းသောတနင်္ဂနွေနေ့” (Bloody Sunday)ဖြစ်ရပ်မှတော် လှန်ရေးစတင်ခဲ့တာပါ။

အီရန်ရဲ့၁၉၀၅ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးဟာ ၁၉၀၅ခုနှစ်၊ ဒီဇင်ဘာလမှာစတင်တာဖြစ်လို့ ရုရှားတော်လှန်းရေးဟာ အီရန်တော်လှန်ရေးထက်ဆယ့်တလခန့်စောပါတယ်။

အဲဒီတော်လှန်ရေးနှစ်ခုစလုံးတူတာက အာရှရပ်ဝန်းနဲ့ ဥရောပတိုက်ရပ်ဝန်းထဲက ပဒေသရာဇ်စနစ်တွေကို ခြိမ်းခြော က်နိုင်ခဲ့တဲ့ခေတ်သစ်နိုင်ငံရေးအလှည့်အပြောင်းတွေဖြစ်ပါတယ်။

ရုရှားဟာ အီရန်အပေါ်မှာ ကြိုးကိုင်ချယ်လှဲမှုရှိလို့ အီရန်လူထုက ရုရှားကို အမြင်မကြည်ပါဘူး။

ဒါပေမယ့် ရုရှားရဲ့ နိုင်ငံရေးအတွေးအ ခေါ် အပြောင်းအလဲက အီရန်အပေါ်မှာ ရိုက်ခတ်ပါတယ်။

အီရန်ရဲ့ပညာတတ်လူလတ်တန်းစားအလွှာရဲ့နိုင်ငံရေးဟာ ရုရှားလက်ဝဲယိမ်းအုပ်စုတွေနဲ့နီးကပ်မှုရှိပါတယ်။

အဲဒီကာလ ရုရှားမှာဖြစ်ပေါ်နေတဲ့လူမှုစီးပွားပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေဟာ အီရန်ပညာတတ်လူလတ်တန်းစား အလွှာကို သက်ရောက်မှုကြီးကြီးမားမားရှိပါတယ်။

၁၉၀၅ ခုနှစ်ကာလ ရုရှားနိုင်ငံရဲ့အခြေအနေကိုပြောရရင် “စက်မှုနိုင်ငံအဆင့်ကိုအရှိန်အဟုန်နဲ့ကူးပြောင်းနေတဲ့ကာလ” လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် အနောက်ဥရောပနိုင်ငံတွေ (ဥပမာ- ဗြိတိန်၊ဂျာမနီ)နဲ့ယှဉ်ရင်တော့ အဘက်ဘက်က နောက်ကျနေသေးသ လိုနိုင်ငံရဲ့အခြေခံတည်ဆောက်ပုံကလ ည်း စိုက်ပျိုးရေးအပေါ်မှာအဓိကမှီခိုနေရဆဲပါ။

၁၈၉၀ ပြည့်လွန်နှစ်တွေကစပြီး ဘဏ္ဍာရေးဝန်ကြီးဆာရ်ဂီဝီတ်(Sergei Witte) ရဲ့ဦးဆောင်မှုနဲ့ရုရှားဟာစက်မှုတော်လှ န်ရေးကို အကြီးအကျယ်ဖော်ဆောင်ခဲ့ပါတယ်။

အဲဒါကြောင့် စက်မှုလုပ်ငန်းကအရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။ ကမ္ဘာ့အရှည်ဆုံး ထရန်ဆိုက်ဘေးရီးယားမီးရ ထားလမ်း(Trans-Siberian Railway)ကို အဲဒီကာလမှာ ဖောက်လုပ်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးကို မြှင့်တင်ခဲ့ပါတယ်။

ပြင်သစ်နဲ့ဗြိတိန်နိုင်ငံတွေဆီက ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့သံမဏိ၊ ကျောက်မီးသွေးနဲ့ရေနံလုပ်ငန်းတွေကို အကြီးအကျယ်တိုးချဲ့ခဲ့ပါတယ်။

စက်မှုလုပ်ငန်းတွေ တိုးတက်လာပေမယ့်နိုင်ငံလူဦးရေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းမှရှစ်ဆယ်ငါးရာခိုင်နှုန်းခန့်ဟာ ကျေး လက်တောရွာတွေမှာ နေထိုင်ကြတဲ့ လ ယ်သမား(Peasants)တွေ ဖြစ်ပါတယ်။

အဲဒီလို စိုက်ပျိုးရေးအခြေခံလူ့အဖွဲ့အစည်းက စက်မှုလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်အဓိက အဟန့်အတား ဖြစ်နေပါတယ်။

စက်မှုထွန်းကားတဲ့ မြို့ကြီးတွေ(ဥပမာ -စိန့်ပီတာစဘတ်၊ မော်စကို)ဟာ ကျွန်းညကလေးတွေလို သီးခြားစီဖြစ်နေပြီး ကျန်တဲ့ ဧရိယာအကျယ်ကြီးကတော့ ရှေးရိုးစွဲစိုက်ပျိုးရေးစနစ်နဲ့ပဲကျန်ရစ်နေခဲ့တာပါ။

အဲဒီလို စက်မှုလုပ်ငန်းတွေ ရုတ်တရက် အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကြောင့် ၁၉ ၀၅ခုနှစ်၊ရုရှားတော်လှန်ရေးကို ဖြစ်စေခဲ့ပါတယ်။

၁၈၆၁ခုနှစ်မှာ ရုရှားက ကျွန်စနစ် (Serfdom)ကို ဖျက်သိမ်းခဲ့ပေမယ့် လယ်သမားတွေဟာ တကယ်တမ်းလွတ် လပ်မလာခဲ့ပါဘူး။ ပြည်သူတွေအပေါ် မြေယာခွဲဝေမှုကလည်း မျှတခြင်းမရှိခဲ့ပါဘူး။လယ်သမားတွေဟာ မြေကွက်သေးသေးလေးတွေပဲရကြပြီး အဲဒီအတွက် အစိုးရကို နှစ်ရှည် (၄၉ နှစ်ကြာ) ပြန်ဆပ်ရမယ့် ရွေးနှုတ်ခ လျှော်ကြေးစနစ် (Redemption Payments) ကြောင့် အကြွေးတင်ခဲ့ကြပါတယ်။

ကျေးလက်မှာလူဦးရေ အရမ်းတိုးလာတော့ ရှိတဲ့မြေကွက်လေးတွေက မိသား စုအားလုံးကို မကျွေးနိုင်တော့ဘဲ ဆင်း ရဲငတ်မွတ်ခေါင်းပါးမှုတွေကြုံလာရပါတယ်။

ဝန်ကြီး Sergei Witte ရဲ့ စက်််မှုလုပ်ငန်း တိုးချဲ့မှုတွေကြောင့် မြို့ကြီးတွေမှာ စက်ရုံအသစ်တွေ အများကြီး ပေါ်လာပါတယ်။

စက်ရုံပိုင်ရှင်တွေက လုပ်အားခ အန ည်းငယ်ပေးရုံနဲ့ ခိုင်းလို့ရတဲ့အလုပ်သ မားတွေကို အမြောက်အမြား လိုအပ်လာပါတယ်။

ကျေးလက်မှာငတ်နေတဲ့ လယ်သမားတွေအတွက်တော့ မြို့ပြကစက်ရုံအလုပ်ဟာ “ဝင်ငွေရနိုင်တဲ့တခုတည်းသော မျှော်လင့်ချက်” ဖြစ်လာခဲ့ပါတယ်။

လယ်သမားတွေဟာ မြို့ပြကို ပြောင်း ရွှေ့လာကြတဲ့အခါ မြို့တွေက ဒီလောက်လူအများကြီးကို လက်ခံဖို့အဆင်သ င့် မဖြစ်သေးပါဘူး။

မြို့လူဦးရေဟာ ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်ဆ၊ သုံးဆလောက်ထိုးတက်သွားပါတယ်။

အစိုးရက လူနေအိမ်ခြေနဲ့ သန့်ရှင်းရေးစနစ်တွေကို ကြိုတင်မပြင်ဆင်ထားတော့ လူတွေဟာ စက်ရုံအနီးက ကျဉ်း မြောင်းတဲ့အဆောင်တွေမှာ ပြည့်သိပ်ပြီးနေခဲ့ရပါတယ်။

အလုပ်သမားတွေဟာ လူနေမှုအဆင့် အတန်း နိမ့်ကျပြီး အလုပ်ချိန် ရှည်လျားလွန်းလှပါတယ်။မြို့ပြတွေမှာ လူ ဦးရေ အရမ်းတိုးလာပြီး နောက်မှာ နဂိုမြို့ခံတွေနဲ့ဝင်ရောက်လာသူတွေကြားမှာ ကျန်းမာရေးနဲ့လူမှုရေးပြဿနာတွေ ဖြစ်လာပါတယ်။

၁၉၀၅ခုနှစ်၊ကာလမှာ ရုရှားတနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် “ကျေးလက်နိုင်ငံ” အဆင့်မှာရှိသေးပေမယ့်အဓိကမြို့ကြီးတွေမှာတော့ “လူဦးရေအဆမ တန်ထူထပ်တဲ့စက်မှုဗဟိုချက်” တွေ ဖြစ်နေပါတယ်။

အဲဒီလိုကျေးလက်မှမြို့ကိုပြောင်းလာတဲ့အလုပ်သမားတွေဟာ သူတို့ခံစားရတဲ့ ဆင်းရဲဒုက္ခတွေကိုစုပေါင်းပြီး အစိုး ရကိုတော်လှန်ဖို့အင်အားစုကြီးဖြစ်လာ ခဲ့တာပါ။

၁၉၀၅ ခုနှစ်မှာရုရှားဟာ “စက်မှုအင် အားကြီးနိုင်ငံ” စာရင်းထဲဝင်ဖို့ ကြိုးစားနေတဲ့အဆင့်(Emerging Industrial Power)ပဲ ရှိပါသေးတယ်။

အဲဒီစက်မှုဖွံ့ဖြိုးမှုအပြောင်းအလဲနဲ့ခေတ်မမီတော့တဲ့ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်တို့ကြားက ပဋိပက္ခကပဲ ၁၉၀ ၅တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့တာဖြ စ်ပါတယ်။

အဲဒီလိုအခြေအနေတွေက အီရန်က ပညာတတ်လူလတ်တန်းစားအလွှာအပေါ်မှာလည်း ရိုက်ခတ်ပါတော့။ ဘာကြောင့်ဆို အီရန်ပညာတတ်လူတန်းစားကလည်း အီရန်ရဲ့ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ပြဿနာလို့မြင်နေပြီး အဲဒီစနစ်ကြောင့်ပဲ အီရန်ဟာဖွံ့ဖြိုးတိုးတ က်တဲ့လူ့အဖွဲ့အစည်းကို မရောက်နိုင်တာလို့မြင်ကြပါတယ်။

အဲဒီကြားထဲ ရုရှားရဲ့ဖိနှိပ်သူအစိုးရဇာဘုရင်ဟာ ဂျပန်နဲ့စစ်ဖြစ်နေပါတယ်။ ရုရှား-ဂျပန်စစ်ပွဲ (Russo-Japanese War)ဟာ ၁၉၀၄ ခုနှစ်၊ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၉၀၅ ခုနှစ်၊စက်တင် ဘာလ ၅ ရက်နေ့ထိ ဖြစ်ပွားခဲ့တာပါ။

ဇာဘုရင်ကို ရုရှားသာမန်အလုပ်သမား၊ လယ်သမားလူထုကလည်း အမြင်မကြ ည်ပါဘူး။နဂိုကပင် ကြပ်တည်းနေရတဲဲ့ကြားထဲ ဂျပန်နဲ့ စစ်ဖြစ်တော့ သာမန်လူထုဟာ အခွန်ပိုတိုးကောက်တာကို ခံရပါတယ်။

ဇာဘုရင်အစိုးရက ဂျပန်ကိုလည်း စစ် ရှုံးသွားတော့ ရုရှားသာမန်လူထုကလ ည်း ဇာဘုရင်အင်အားနည်းချိန်မှာ ပိုပြီး ဆန့်ကျင်လာတော့တယ်။

အဲဒီလိုပဲ ဇာဘုရင်ရဲ့အရှုံးဟာ အီရန်အ တွက်တော့ ဥရောပသားရုရှားကို အာရှသားဂျပန်ကနိုင်လိုင်တဲ့ကိစ္စအဖြစ် ဇာ တိမာန်စိတ်နိုးထစရာဖြစ်လာကာတော် လှန်ရေးအတွက် ပိုပြီးအားတက်စရာဖြ စ်လာပါတော့တယ်။

အဲဒါက ရုရှားနိုင်ငံရေးအခြေအနေနဲ့အီရန်နိုင်ငံရေးအခြေအနေကြားက လူမှုစီးပွားဘဝအပြန်အလှန်အကျိုးသက် ရောက်မှုပါပဲ။

အီရန်ရဲ့ ၁၉၀၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးဟာ ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေးထက် အနည်းငယ် နောက်ကျပေမယ့် အစ္စလာမ်ကမ္ဘာမှာတော့ ပဒေသရာဇ်အာဏာကို ကန့်သတ်တိုက်ဖျက်ဖို့ကြိုးစားတဲ့အစောဆုံးတော်လှန်ရေးလည်း ဖြစ်ပါတယ်။

အဲဒီတော်လှန်ရေးနှစ်ခုကတဖက်မှာတူ ရကီအတွက် ၁၉၀၈ ခုနှစ်လူငယ်တာခ့် တော်လှန်ရေး(Young Turk Revolution)ကို ဖြစ်စေခဲ့ပါတယ်။

အစ္စလာမ်ယဉ်ကျေးမှုနဲ့သမိုင်းအစဉ်အလာထွန်းကားတဲ့အီရန်နဲ့တူရကီမှာ ခေတ်ပြောင်းတော်လှန်ရေးတွေဟာ မရှေ့မနှောင်းဖြစ်ပေါ်ခဲ့ပြီး ဘာကြောင့်တူရကီက ဖွံ့ဖြိုးတိုးတက်သွားကာအီရန်က ကျဉ်းထဲကျပ်ထဲက ရုန်းမထွက်နိုင်ရတာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဆက်ရန်…

ကိုးကား…

  1. https://en.wikipedia.org/wiki/Russian_Revolution_of_1905
  2. https://en.wikipedia.org/wiki/Persian_Constitutional_Revolution
PrevPrevious​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ
Nextအာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိNext
Previous Post

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

Next Post

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

အီရန်အင်အားကို ထရန့် အံ့သြ

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

Releated Post

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026
Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page