Border News Agency
မလေးရှား၊မေ ၁၁။
မလေးရှားနိုင်ငံအတွင်းကို တရားမဝင် အောက်လမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးဟာ မေလ ၁၀ ရက်နေ့မှာ မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ မြင်ကွင်းတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပျံ့နှံ့နေပြီး အများစုမှာ အလုပ်အကိုင်ရှာဖွေဖို့ လာရောက်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မလေးရှားလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်နဲ့ တရားမဝင် ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့စစ်ဆေးနေစဉ်အတွင်း အခုလို မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာပါ။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေဖြစ်ကြပြီးသူတို့အားလုံးကို လက်ရှိမှာတော့ နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာသူတွေ များပြားနေပြီး အခုလို အောက်လမ်းကနေ ဝင်ရောက်တာဟာ အန္တရာယ်များတဲ့အပြင် လူကုန်ကူးသူတွေရဲ့ ခေါင်းပုံဖြတ်တာကိုလည်း ခံနေကြရတာ ဖြစ်ပါတယ်။















