Border News Agency
အစ္စရေး၊ မတ် ၂၀။
အစ္စရေးနိုင်ငံ၊ ဟိုင်ဖာပင်လယ်ကွေ့ရှိ ရေနံဓာတုစက်ရုံတခုကို မတ်လ ၁၉ ရက်နေ့က အီရန်တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံအတွင်း မီးလောင်မှုအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဟိုင်ဖာဒေသအနှံ့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့လည်းဆိုပါတယ်။
အဲဒီစက်ရုံအတွင်းကနေ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ယိုစိမ့်ထွက်လာမှာကို စိုးရိမ်ရတာကြောင့် ဒေသခံတွေကို အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။











