Border News Agency
နေပြည်တော်၊ မတ် ၂၀။
ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာမရှိမဖြစ်လိုအပ်တယ်လို့ ၅၂ နှစ်မြောက်မွန်ပြည်နယ်နေ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပါတယ်။
အဲဒီအပြင် မကြာခင်မှာသမ္မတအသစ် ဦးဆောင်တဲ့အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မယ်လို့လည်း သူကထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားဒေသတွေအပါအဝင် တနိုင်ငံလုံးကို လေကြောင်းကနေ ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို နေ့စဉ်လုပ်ဆောင်နေပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် အရပ်သားသေယဆုံးမှုနဲ့ နေရပ်စွန့်ခွာရသူ ဦးရေဟာ တနေ့ထက်တနေ့မြင့်တက်နေပြီး သူပြောနေတဲ့ တည်ငြိမ်ရေးကို ကိုယ်တိုင်ဖျက်ဆီးနေတာလို့ပြည်သူတွေကဆိုကြပါတယ်။
စစ်ခေါင်းဆောင်ဟာ ဖက်ဒရယ်စနစ်အကြောင်း အပြောရှိနေပေမယ့် လက်တွေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန် နှိမ်နင်းနေတာပါ။
အဲဒီလိုစစ်ရေးအရ ဖိနှိပ်မှုတွေကြောင့်ပဲ နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး ငြိမ်းချမ်းရေးနဲ့ ပိုပြီး ဝေးကွာနေရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






