Border News Agency
ကျောက်တော်၊မတ် ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာအဝင်တံတားအနီးမှာ အရက်သောက်စားပြီး ဆိုင်ကယ်ကိုအရှိန်ပြင်းစွာ မောင်းနှင်ရာကတံတားဘောင်ကိုတိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒါကြောင့် ဆိုင်ကယ်မောင်းသူ ၂၈ နှစ်အရွယ်လပြည့်အောင်ကို တရားဥပ ဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနကအရေးယူထားတယ်လို့ ဆိုပါတယ်။
အဲဒီဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာရခဲ့ပေမယ့် နောက်ကလိုက်ပါလာတဲ့ အသ က် ၁၅ နှစ်အရွယ်ချမ်းငြိမ်းကတော့ ဦးခေါင်းမှာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့်ဆေးကုသမှု ခံယူနေရပါတယ်။
အဲဒီလိုမူးယစ်သောက်စားမောင်းနှင်မှုကြောင့် လူကိုဒဏ်ရာရရှိစေခဲ့တဲ့ လပြ ည့်အောင်ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၁၀၄ မှုကို အ ရေးယူခဲ့ရတယ်လို့ အာရက္ခမှုခင်းသ တင်းထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေဟာ ယာဉ်အ န္တရာယ်ကင်းရှင်းဖို့အတွက် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့နဲ့ သောက်စားမူး ယစ်ယာဉ်မောင်းနှင်တာမျိုးကို လုံးဝရှောင်ကြဉ်ကြဖို့သက်ဆိုင်ရာကနှိုးဆော်ထားပါတယ်။






