Border News Agency
မင်းတပ်၊ဇွန် ၂၉ ။
ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်ထားတဲ့မင်းတပ်မြို့နယ်ကို ဇွန်လ ၂၉ ရက်၊ဒီနေ့အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မိန်းကလေးငယ်သုံးဦးသေဆုံးသွားပါတယ်။
အဲဒီမင်းတပ်မြို့နယ်၊အမှတ် ၄ တိုက်န ယ်၊ရှိမ်းရွာကို ဒီနေ့မနက်က အာဏာသိ မ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီရှိမ်းရွာထဲကိုကျရောက်ပေါက်ကွဲပြီးအသက်ခုနှစ်အရွယ်မိန်းကလေးင ယ်တဦး၊အသက်ရှစ်နှစ်အရွယ်မိန်းကလေးငယ်တဦး၊အသက်ကိုးနှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးသွားခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမင်းတပ်မြို့နယ်ကို အာဏာသိမ်းစ စ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေသလိုလေကြောင်းတိုက်ခိုက်တာတွေလည်းနေ့စဥ်ရက်ဆက်ပြုလုပ်နေပါတယ်။
အဲဒီမင်းတပ်မြို့နယ်မှာ ချင်းပြည်သူ့တ ပ်မတော်နဲ့အတူ အာရက္ခတပ်တော်လ ည်းပူးပေါင်းခုခံတိုက်ခိုက်နေပါတယ်။










