Border News Agency
အမေရိကန်၊ မတ် ၂၉။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကသတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူ့ကိုယ်သူ “ငြိမ်းချမ်းရေးဖန်တီးသူ”အဖြစ် အသိအမှတ်ပြုခံချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
တဖက်မှာလည်း နေတိုး (NATO) အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
နေတိုးအဖွဲ့ကို ကာကွယ်ဖို့ အမေရိကန်က တနှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံနေပေမယ့် အပြန်အလှန်အားဖြင့် နေတိုးကအမေရိကန်ဘက်မှာ မရပ်တည်ပေးတာကြောင့် ဆက်လက်ကာကွယ်ပေးဖို့မလိုအပ်တော့ဘူးလို့ ထရန့်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်ရဲ့လေယာဉ်တင်သင်္ဘောတွေဟာ နှေးကွေးပြီးစနစ်တွေကလည်းအသုံးမကျတာကြောင့် ဟယ်လီကော်ပတာ ရပ်နားဖို့လောက်ပဲသုံးလို့ရမယ်လို့ ဝေဖန်ခဲ့ပါတယ်။
စစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လ
ည်း ထရန့်က အီရန်ရဲ့ဒုံးကျည်အခြေစိုက်စခန်း ၉၇ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
နောက်ထပ် ပစ်မှတ်က ကျူးဘားပဲ” လို့လည်းလွှတ်ခနဲ ပြောဆိုခဲ့ပြီးမှ မပြောခဲ့သလိုပဲနေပေးကြဖို့ သတင်းထောက်တွေကို ပြန်လည်တောင်းဆိုခဲ့ပါတယ်။
စကားအမှားအယွင်းအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို “ထရန့်ရေလက်ကြား” လို့ မှားယွင်းပြောဆိုခဲ့ပေမယ့် ဒါဟာ မတော်တဆမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား MBS နဲ့ ပတ်သက်လို့လည်း “သူ ငါ့ကို အခုတော့ လာချော့နေရပြီ”လို့ ပြောဆိုကာ ထရန့်ကသူ့ရဲ့ သံတမန်ရေး အသာစီးရမှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ထရန့်က သတင်းထောက်တွေကိုလည်း ဘယ်လိုမေးခွန်းမျိုးမဆို လိင်ကိစ္စကအစ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ကြောင်းနဲ့ သူဟာတခြားနိုင်ငံရေးသမားတွေလို မေးခွန်းတွေကို ကြိုတင်စိစစ်ခိုင်းတာမျိုး မလုပ်ဘူးလို့လည်း ကြွေးကြော်ခဲ့ပါတယ်။






