Border News Agency
အမေရိကန်၊ မတ် ၂၉။
အမေရိကန်ရဲ့နာမည်ကျော် USS Tripoli (LHA-7)အဆင့်မြင့် စစ်သင်္ဘောကြီးဟာ မတ်လ ၂၇ ရက်နေ့က သူတို့ရဲ့တာဝန်ကျရာ နယ်မြေထဲကို ဆိုက်ရောက်လာပြီလိုြအမေရိကန် စစ်ဌာနချုပ်က မတ်လ ၂၈ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောကြီးနဲ့အတူ အမှတ် ၃၁ နာဝိကယိုသိန်တပ်ဖွဲ့ဝင်တွေ အပါအဝင် စုစုယပေါင်း စစ်သည်အင်အား ၃,၅၀၀ ခန့် ပါရှိလာတာပါ။
အခုရောက်ရှိလာတဲ့ USS Tripoli စစ်သင်္ဘောပေါ်မှာ ရေပြင်ကနေကုန်းပေါ် တိုက်ရိုက်တက်ရောက် တိုက်ခိုက်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ အပြည့်အစုံ ပါဝင်လာသလို နည်းပညာအမြင့်ဆုံး F-35B စတဲလ် (Stealth) တိုက်လေယာဉ်တွေကိုလည်း တင်ဆောင်လာပါတယ်။
ဒီစစ်သင်္ဘောကြီးဟာ အခုလက်ရှိ ဒေသတွင်းမှာ အရေးပါတဲ့ အဓိက စစ်သင်္ဘောကြီး (Flagship) အဖြစ် တာဝန်ယူမှာဖြစ်ပြီး ရေကြောင်းကနေ ကုန်းပေါ်တက် တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေအတွက် အသင့်အနေအထား ရှိနေပြီလို့လည်း သိရပါတယ်။











