Border News Agency
နေပြည်တော်၊ မတ် ၃၀။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးလွှဲပွဲကိုမတ် လ ၃၀ ရက်၊ ဒီနေ့မနက်ကနေပြည်တော် ဇေယျာသီရိဗိမာန်မှာလုပ်ခဲ့ပါတယ်။
အရင်တပ်ချုပ်မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်တာဝန်တွေ လွှဲပေးခဲ့တာပါ။
အဲဒီမှာမင်းအောင်လှိုင်က တပ်ချုပ်အဆောင်ဓား၊အလံနဲ့ဦးစီးကွပ်ကဲမှုတံဆိပ်တွေကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီလွှဲပေးခဲ့ပါတယ်။
တပ်ချုပ်သစ်ရဲဝင်းဦးကလည်း မင်းအောင်လှိုင်ကို ဂုဏ်ပြုဓားကို ဂါရဝပြုပြန်ပေးခဲ့ပါတယ်။




































