Border News Agency
ထိုင်း၊ဇူလိုင် ၃။
ထိုင်းနိုင်ငံရောက်မြန်မာ၊လာအိုနဲ့ဗီယက်နမ်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်နဲ့နေထိုင်ခွင့်သက်တမ်းကို ၂၀၂၇ ခုနှစ်၊ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ တနှစ်ထပ်တိုးပေးဖို့အလုပ်သမားဝန်ကြီးဌာနသဘောတူလိုက်ပါတယ်။
အဲဒါဟာ ဇူလိုင် ၃ ရက်နေ့လုပ်တဲ့ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုမူဝါဒကော်မတီ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ဂျူလာဖန် အမွန်ဝီဝပ်အတည်ပြုတာပါ။
အဲဒီသက်တမ်းဟာလာမယ့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အလုပ်လုပ်ခွင့်သက်တမ်းရှိထားသူတွေအတွက်အကျုံးဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့်သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တရားဝင်ကြေညာချက် ထွက်ပြီးမှသာလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နိုင်မယ်လို့ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နာဲစုန်ချိုင်းက ရှင်းပြထားပါတယ်။
အလုပ်ရှင်နဲ့အလုပ်သမားတွေဟာ အသေးစိတ် လမ်းညွှန်ချက်တွေကို အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနရဲ့ ဝဘ်ဆိုက် www.doe.go.th မှာ စောင့်ကြည့်နိုင်သလို ပြည်နယ်အလုပ်အကိုင်ခန့်ထားရေးရုံးတွေ ဒါမှမဟုတ် Hotline ဖုန်းနံပါတ် 1506 (နှိပ် 2) ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ဆိုပါတယ်။










