Border News Agency
မော်စကို၊ သြဂုတ် ၁၉။
မြန်မာ-ရုရှားနှစ်နိုင်ငံပေါင်းလုပ်တာတွေ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခြင်းကို သြဂုတ်လ ၁၈ ရက်နေ့ညက ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာပြုလုပ်ပါတယ်။
အဲဒီနှစ်နိုင်ငံအကြား တဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ဆိုးရွားတဲ့သက်ရောက်မှုတွေကို တုန့်ပြန်ဖြေရှင်းရန်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ရေဒီယို၊ အီ လက်ထရောနစ်လုပ်ငန်းနဲ့ ဒီဂျစ်တယ်နည်းပညာနယ်ပယ်၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့ကြား၊ ယဉ်ကျေးမှုနဲ့အနုပညာန ယ်ပယ်၊ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာဆိုင်ရာ၊ ဂြိုလ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်တွေ၊ ဂြိုလ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် COSPAS-SARSAT နဲ့ ကမ္ဘာအနီး အာကာသအတွင်းအန္တရာယ်ရှိအခြေအနေတွေအတွက် အလိုအလျောက်သတိပေးစနစ် (ASPOS) နယ်ပယ်တွေ၊ မြန်မာအာကာသအေဂျင်စီနဲ့ Plekhanov Russian University of Economics၊ မြန်မာအာကာသအေဂျင်စီနဲ့ Bauman Moscow State Technical University အပါအဝင် နားလည်မှုစာချွန်လွှာတဆယ့်နှစ်ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့တာပါ။
အဲဒီနားလည်မှုစာချွန်လွှာတွေကို နှစ်နိုင်ငံကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူတွေက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ရှေ့မှာ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။
အဲဒီနောက်ကရင်မလင်နန်းတော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရုရှားနိုင်ငံသမ္မတမစ္စတာဗလာဒီမာ ပူတင် ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။






