Border News Agency
အီရန်၊ဇူလိုင် ၃။
အီရန်ရဲ့ အဓိပတိခေါင်းဆောင်ဟောင်းအယာတိုလာ အလီခါမေနီရဲ့ နိုင်ငံတော်ဈာပနမတိုင်ခင်မှာ အမေရိကန်နဲ့ အစ္စရေးတို့အနေနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမှ မလုပ်ကြဖို့ အီရန်စစ်ဘက်က ဇူလိုင် ၂ ရက်နေ့မှာသတိပေးလိုက်ပါတယ်။
လာမယ့် ဇူလိုင် ၄ ရက်ကနေ ၉ ရက်အထိ ကျင်းပမယ့် ဒီဈာပနအခမ်းအနားကာလအတွင်းမှာ လုံခြုံရေးတွေကို အထူးတင်းကျပ်ထားတယ်လို့ အီရန်အရပ်ဘက်လေကြောင်းအဖွဲ့အစည်းကလည်း ပြောထားပါတယ်။
အသက် ၈၆ နှစ်အရွယ် ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း မြို့တော်က သူ့နေအိမ်ဝင်းထဲမှာပဲ လုပ်ကြံခံခဲ့ရတာပါ။
ဒီလိုမျိုးလုပ်ကြံခံခဲ့ရတဲ့အတွက် နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ အရမ်းမြင့်တက်နေတာမို့ ဈာပနကာလမှာ ထပ်ပြီး အထိအခိုက်တွေ ဖြစ်လာမှာကို အီရန်ဘက်က အရမ်းစိုးရိမ်နေပုံပါပဲ။
အီရန်ဘက်ကတော့ ဈာပနအခမ်းအနားကို ဘေးကင်းလုံခြုံစွာနဲ့ အေးအေးဆေးဆေး ကျင်းပနိုင်ဖို့အတွက်ကိုပဲ အဓိကထားပြီး ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။










