Border News Agemcy
သံတွဲ၊ ဧပြီ ၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို ဧပြီ ၁ ရက်၊ ဒီနေ့နေ့လည်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦး အပါအဝင်လေးဦးသေဆုံးသွားခဲ့တယ်လို့ အာက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင်ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမှတ် ၅၅ ခြေလျင်တပ်ရင်းဟောင်းအနီးကျရောက်ပြီး ကလေးနှစ်ဦးအပါအဝင် မိသားစုဝင်လေးဦးလုံးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နောက်ထပ်ကလေးနှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ်ဆေးကုသပေးနေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာတာကြောင့် ပြည်သူတွေလေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့အာရက္ခတပ်တော်တိုက် တွန်းထားပါတယ်။














