Border News Agency
နေပြည်တော်၊ ဧပြီ ၈ ။
ရုရှားနိုင်ငံပိုင် Roscosmos အာကာသကော်ပိုရေးရှင်း အထွေထွညွှန်ကြားရေးမှူးချုပ် Dmitry Vladimirovich Bakanov က သမ္မတအဖြစ်တာဝန်ယူလိုက်တဲ့ မင်းအောင်လှိုင်ဆီဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲဒီသဝဏ်လွှာမှာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား အာကာသစူးစမ်းလေ့လာရေးကဏ္ဍအပါအဝင် အရေးကြီးတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အထူးတန်ဖိုးထားတယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် အာကာသကဏ္ဍမှာသိသာတဲ့ တိုးတက်မှုတွေရရှိခဲ့တယ်လို့လည်း ရုရှားအစိုးရအကြံပေး(ပထမတန်း)ဖြစ်သူ Bakanov က ဆိုပါတယ်။
ဒါ့အပြင် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေးတွေကို ပိုမိုခိုင်မာအောင်ဆက်လက်လုပ်ဆောင်သွားဖို့ အသင့်ရှိနေတယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားတာပါ။







