Border News Agency
ဂန့်ဂေါ၊ မေ ၂၆။
ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့အတွက် “PROOF OF LIFE” လူထုလှုပ်ရှားမှုတခုကို ဂန့်ဂေါမြို့နယ်မှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်ကဦးဆောင်ပြီး ဒေသတွင်းတော်လှန်ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း အာဏာပိုင်တွေဘက်က သက်သေပြပေးဖို့အတွက် အခုလိုလူထုလှုပ်ရှားမှုပြုလုပ်ပြီး တောင်းဆိုရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။













