Border News Agency
အစ္စရေး၊ဧပြီ ၁၀ ။
ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံအတွင်းပိုင်းရှိ နေရာအများအပြားကိုတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်လို့ အစ္စရေးစစ်တပ်က ဧပြီလ ၉ ရက်၊ မနေ့ကသတိပေးလိုက်ပါတယ်။
အဲဒီအစ္စရေးနိုင်ငံ အက်ရှ်ဒေါ့မြို့တော်ဝန်ကလည်း ဟဇ်ဘိုလာဘက်က ဒုံးကျည်တွေဟာ မြို့လယ်ခေါင်နဲ့ အဲဒီထက်ပိုဝေးတဲ့နေရာတွေအထိ ကျရောက်လာနိုင်တယ်လို့ စစ်တပ်ဆီက သတင်းရရှိထားတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အီရန်ခေါင်းဆောင် မူဂျတာဘာ ခါမေနီက အီရန်ဟာ အင်အားကြီးနိုင်ငံဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သလို ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုကိုလည်း အဆင့်သစ်တခုဆီ ပြောင်းလဲသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ဘက်မှာတော့ သမ္မတထရမ့်ရဲ့ နျူကလီးယားလက်နက် အသုံးပြုနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေအပေါ် အမေရိကန်အမတ် တက်ဒ်လူက စိုးရိမ်တကြီး ဝေဖန်လိုက်ပြီး လွှတ်တော်ခွင့်ပြုချက်မပါဘဲ တိုက်ခိုက်ခွင့်မရအောင် တားဆီးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လက်ဘနွန်နိုင်ငံဟာ အီရန်နဲ့ သီးခြားခွဲပြီး အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ကြားဝင်စေ့စပ်သူတွေကတဆင့် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။






