Border News Agency
နေပြည်တော်၊ ဧပြီ ၁၁။
သမ္မတသစ်မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရဲ့ ဒု-ဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Parnpree Bahiddha-Nukar ဦးဆောင်တဲ့ အဖွဲ့က ဧပြီ ၁၀ ရက်၊ နေ့လည်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်းမှာ နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လက်ရှိကြီးထွားနေတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေပပျောက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကော်မရှင်အတုအယောင်အစိုးရသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ဖို့ရောက်ရှိနေတာလည်းဖြစ်ပါတယ်။
အခုလိုထိုင်းကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံမှုဟာ အာဏာသိမ်းစစ်တပ်ကနေအသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်အစိုးရအပေါ် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးခြေလှမ်းသစ်တခုလည်းဖြစ်နေပါတယ်။











