Border News Agency
ဘီးလင်း၊ ဧပြီ ၁၂ ။
ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၃,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကေအဲန်ယူ-ဗဟို က ဧပြီလ ၁၂ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဘီလင်းမြို့နယ်၊ ဝင်းတာပန်၊ မြစ်ကျိုးနဲ့ မင်းစောကျေးရွာတွေကို ဧပြီ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ယာယီနေထိုင်စရာ မိုးကာစတွေ၊ ဆန်၊ ဆီ အပါအဝင်အခြေခံစားသောက်ကုန်တွေနဲ့ အရေးပေါ်ဆေးဝါးကူညီမှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင် ၁၃,၀၂၆ ဦးထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်နေတာကြောင့် သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေရာထိုင်ခင်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပိုလိုအပ်နေတယ်လို့ဆိုပါတယ်။










