Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ပါ ချိန်ခွင်အားလွင့်ပစ်ထားခြင်း

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၇။

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)ကို အကောင်အထည်ဖော်နေသည်။

ထိုပြဋ္ဌာန်းချက်အရအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားများ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးများကို မဲစနစ်နှင့်စစ်မှုထမ်းခေါ်ယူနေသည်။

ထိုပြဋ္ဌာန်းချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏နိုင်ငံရေးမှူးများ၊နယ်မြေမှူးများ၊တိုက်နယ်မှူးများ၊ရပ်ရွာအုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး စစ်မှုထမ်းရမည့်သူများကို မဲနှိုက်ခေါ်ယူနေခြင်းဖြစ်သည်။

ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့သည်ဟု ပြီးခဲ့သည့်နှစ်မေလ ၂၂ ရက်နေ့တွင် အာရက္ခတပ်တော်ထုတ်ပြန်ထားသည်။

ထိုကဲ့သို့အသက်အရွယ်အတိအကျပြဋ္ဌာန်းထားသော်လည်း မြေပြင်အမှန်တရားတွင် အသက် ၁၈ နှစ်မပြည့်သေးသည့်ကျောင်းသူ၊ကျောင်းသားများ၊အသက် ၄၅ နှစ်ကျော်လွန်နေသူများ၊ ကလေးမိခင်များအပါအဝင် ကင်းလွတ်ခွင့်ပြုရမည့်သူများကိုလည်း စစ်မှုထမ်းခိုင်းနေသည်ဟု အာရက္ခပြည်သူများက အတည်ပြုပြောကြသည်။

ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်သည် အာရက္ခပြည်အချုပ်အ​ခြာအာဏာ၊နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်ဖို့၊ပြည်တွင်းပြည်ပအန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးရေးအတွက်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အာရက္ခဒေသနေ လူမျိုးဘာသာတိုင်းစည်းလုံးချစ်ခင်စွာပါဝင်သည့်အမျိုးသားကာကွယ်ရေးစနစ်ကို ထူထောင်ဖို့အတွက် အာရက္ခနိုင်ငံသားတိုင်းတူညီသောတာဝန်၊အခွင့်အရေးများ ခံစားရရှိစေမည်ဖြစ်သည်ဟု ထု တ်ပြန်ထားသည်။

ထိုကဲ့သို့စစ်မှုထမ်းပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင်လည်းရသကဲ့သို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ဌာနများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်၍ရသည်ဟု ဖော်ပြထားသည်။

ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းခေါ်ခံရသူများသည် ၄၅ ရက်သင်တန်းတက်ရောက်ပြီး နှစ်နှစ်စစ်မှုထမ်းကြရမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဥပဒေဆိုင်ရာခြွင်းချက်(Legal Exception)

နိုင်ငံတော်အစိုးရဖြစ်စေ၊တော်လှန်ရေးအဖွဲ့ပင်ဖြစ်စေ နိုင်ငံရေးအာဂျင်တာအဖြစ် အမိန့်အာဏာကို အကောင်အထည်ဖော်ပါက ထိုအမိန့်အာဏာတွင်..

  • ၁။ Legal Exception ဆိုသည့် တရားမျှတမှုအတွက် ခြွင်းချက်ပါရသည်။
  • ၂။ အများပြည်သူဆိုင်ရာအကျိုးစီးပွားကို ဦးတည်ရသည်။
  • ၃။ အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက် ကို တန်ဖိုးမြှင့်ပေးရသည်။

အမိန်အာဏာကို အကောင်အထည်ဖော်လျှင် ထိုအမိန်အာဏာနှင့်အတူ အဆိုပါ အချက်သုံးချက်ကိုလည်း အကောင်အထည်ဖော်ရသည်။

မည်သူက အကောင်အထည်ဖော်ရမည်နည်းဆိုသော ထိုအမိန့်အာဏာကို အကောင်အထည်ဖော်မည့်အဖွဲ့အစည်း၏ အောက်ဆုံးအလွှာကပင် ထိပ်ဆုံးအလွှာထိ ပါရှိသူများအကောင်အထည် ဖော်ရန် တာဝန်ရှိသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထုတ်ပြန်ထားသော အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)တွင် Legal Exception အရ လုံးဝကင်းလွတ်ခွင့်ရသူငါးမျိုး၊ရွှေ့ဆိုင်းခွင့်ရသူငါးမျိုး၊လျော့ပေါ့ခွင့်ရသူတမျိုး၊ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးပါသည်။

ဤအချက်များသည် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကိုယ်တိုင် ထုတ်ပြန်ထားသောအချက်များဖြစ်သည်။

ထိုလုံးဝကင်းလွတ်ခွင့်ရသူငါးမျိုးကိုကြည့်ပါက ထိုအုပ်စုထဲတွင်…

  • ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များပါဝင်သည်။
  • ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဆေးအဖွဲ့က စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူဟု သတ်မှတ်ခံထားရသူများပါဝင်သည်။
  • ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ကင်းလွတ်ခွင့်ပြုထားသူများပါသည်။
  • ဒုက္ခိတများပါဝင်သည်။

ကင်းလွတ်သူငါးမျိုးထဲတွင် အမှန်တကယ်၌ အထက်တွင် ဖော်ပြထားသောလေးမျိုးသာ စစ်မှုထမ်းခံရခြင်းမှ လွတ်ကင်းနိုင်သည်။

အမျိုးသမီးများနှင့်ပတ်သက်၍…

အမျိုးသမီးတယောက်သည် ကိုယ်ဝန်ရှိနေသည့်အချိန်အတွင်း ကင်းလွတ်သည်။

ကလေးမွေးဖွားပြီးစအခြေအနေတွင် ကင်းလွတ်သည်။ ကလေးငယ်အားအသက်နှစ်နှစ်သားထိ စောင့်ရှောက်နေရချိန်တွင် ကင်းလွတ်သည်ဟုဆိုထားသည်။

မည်သို့ပင် ထိုသို့ ဆိုထားစေကာမူ…

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ ကလေးငယ်အသက်နှစ်နှစ်ထက်တရက်ပိုစွန်းသွားလျှင် ထိုအမျိုးသမီးအား စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်ဆိုသော သဘောမျိုးသက်ရောက်နေပြီးဖြစ်သည်။

ဤသည်က အသက်နှစ်နှစ်ထက် တရက်ပိုစွန်းသောကလေးငယ်တဦးသည် သူ့၏မိခင်နှင့်ဝေးကွာရမည့်အခြေအနေတရပ်ကို အချိန်မရွေးကြုံတွေ့လာရနိုင်သည့်အနေအထားကို ညွှန်ပြနေသည်။

ဤအနေအထားက အိမ်ထောင်ကွဲနေသော၊Single Mother အဖြစ်ရပ်တည်နေရသောအမျိုးသမီးများကို ပို၍ရိုက်ခတ်အထိနာဖွယ်ရာရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးတွင်”အိမ်ထောင်ရှိ အမျိုးသမီးများ”ကိုသာ ထည့်သွင်းထားပြီး အိမ်ထောင်ကွဲနေသူ၊Single Mother ပုံစံ ရပ်တည်နေရသူအမျိုးသမီး/ မိခင်များဟူ၍ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တွင် အတိအကျမရေးထားချေ။

ဤအိမ်ထောင်ကွဲနေသူ၊Single Mother ပုံစံရပ်တည်နေရသူအမျိုးသမီး/ မိခင်များနှင့်ပတ်သက်၍ ရွေ့ဆိုင်းခွင့်ရသူငါးမျိုးထဲ၌”ကလေးငယ်များကို ပြုစုမည့်သူမရှိပါက မိခင်၊ဖခင်များအား ရွေ့ဆိုင်းခွင့်ပေးပြီးချက်ချင်းမခေါ်” ဟူ၍ တာဝန်ရှိသူများက အကြောင်းပြချက် ပေး၍ရသည်။

ထိုပြင်ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးထဲမှ”မိသားစုရပ်တည်ရေးအတွက်တဦးတည်းဝင်ငွေရှာပေးနေရသူများ”ကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်း၍ရသည်ဟု အကြောင်းပြချက်ပေး၍ရသည်။

ထိုရွေ့ဆိုင်းခွင့်ရသူငါးမျိုးထဲတွင် မိအို ဖအိုများကို လုပ်ကျွေးနေသူများကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်းပေးသည်ဟုဆိုထားသည်။

မူးယစ်ဆေးဝါးဖြတ်ထားသူ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ထဲတွင် တာဝန်ထမ်းဆောင်နေသူ၊ လောလောဆယ် စစ်သင်တန်းတက်နိုင်လောက်သည်ထိ ကျန်းမာရေးမကောင်းဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဆေးအဖွဲ့က သတ်မှတ်ထားသူများကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်းပေးမည်ဟု ဆိုထားသည်။

ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးတွင် အိမ်ထောင်ရှိ အမျိုးသမီး၊ကျောင်း သား/သူများ၊တက္ကသိုလ်တက်နေသူများ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်မိသားစုဖြစ်သူ များပါဝင်သည်ဟု ဆိုထားသည်။

ထိုခုနှစ်မျိုးထဲတွင်အာရက္ခတပ်တော်တပ်ဖွဲ့ဝင်မိသားစုဖြစ်ပါက လျော့ပေါ့ခွင့်ပေးထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ဆိုင်ရာ ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးအရ အသက် ၁၈နှစ် ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများ၊မည်သည့်တက္ကသိုလ်တက်နေသူများကို ရွေ့ဆိုင်းခွင့်ပေးထားသည်။

သို့သော်လည်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အခြေခံပညာရေးအပါအဝင် တက္ကသိုလ်ပညာရေးမှာ ရပ်တန့်နေသကဲ့သို့ဖြစ်နေသည်။

ထိုအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးက အခြေခံပညာရေးအပါအဝင်တက္ကသိုလ်ပညာရေးထိပြည်မသို့သွားရောက်သင်ယူခွင့်ကို အာရက္ခတပ်တော်ကခွင့်မပြုပေ။

ထို့အပြင် အသက် ၁၈ နှစ်မပြည့်သေးသည့်အခြေခံပညာကျောင်းသား၊ကျောင်းသူများအပါအဝင်တက္ကသိုလ်တက်ကြရမည့်ကျောင်းသား၊ကျောင်းသူများကိုလည်း အာရက္ခတပ်တော်က စစ်မှုထ မ်းခေါ်ယူနေသည်ဟု အာရက္ခပြည်သူ များက ဆိုကြသည်။

သို့ဖြစ်၍ တက္ကသိုလ်တက်နေသူများကို ရွေ့ဆိုင်းခွင့်ဆိုသည်မှာ ထုတ်ပြန်ချက်တွင်သာဖော်ပြထားပြီး လက်တွေ့မြေပြင်တွင်မဖြစ်လာသောအခြေအနေဖြစ်နေသည်။

နည်းနာပိုင်းဆိုင်ရာလျစ်လျူရှူမှု (“Tactical Oversight”)

သို့ဖြစ်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏အမျိုးသားကာ ကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တွင် Legal Exception အတွက် လုံးဝလျစ်လျူရှူထားသလို ဖြစ်နေသော အခြေအနေနှစ်ရပ်ရှိသည်။

ပထမအခြေအနေမှာ”အိမ်ထောင်ကွဲနေသော၊Single Mother အဖြစ်ရပ်တည်နေရသောအမျိုးသမီးများနှင့်၎င်းတို့ ၏ကလေးငယ်များ”အပေါ် စဉ်းစားချက်မရှိပေ။

ဒုတိယအခြေအနေမှာ အမျိုးသားကာ ကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တွင်ဖော်ပြထားသော်လည်း မြေပြင်တွင်မရှိဖြစ်နေသော”တက္ကသိုလ်တခုခုတွင်တက်ရောက်နေသူ”ဆိုသောအနေ အထားဖြစ်သည်။

ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ်ပြဋ္ဌာန်းချက်ကြောင့် စစ်မှုထ မ်းနေရသော အခြေခံပညာကျောင်းသား၊ကျောင်းသူများအပါအဝင် တက္ကသိုလ်တက်ခွင့်ရှိသော၊ပညာရေးတပိုင်းတဝဖြင့်ရပ်တန့်နေကြရသောလူငယ်များအတွက် Legal Exception မပါရှိပေ။

ဥပက္ခာပြုမှု (Negligence)

ထိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တွင် ထိခိုက်လွယ်သောဌာနေတိုင်းရင်းသားလူနည်းစုများအတွက် သီးသန့်ထည့်သွင်းစဉ်းစားချ က်များမတွေ့ရပေ။

ထိုဌာနေတိုင်းရင်းသားများသည် လူဦးရေရာဂဏန်း၊ထောင်ဂဏန်မျှသာကျန်နေကြပြီး လူမျိုးပျောက်ကွယ်တော့မည့်အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည် လူနည်းစုများသာဖြစ်သည်။

ထိုအပြင် ပဋိပက္ခပေါင်းစုံနှင့်လက်နက်ကိုင်ပဋိပက္ခများကြားတွင် စားဝတ်နေရေးကအစ အကျပ်အတည်းပေါင်းစုံကိုရင်ဆိုင်ကြုံနေကြရသည့်ဌာနေတိုင်းရ င်းသားလူနည်းစုများသည် သူတို့၏သဘောဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားခွင့်၊ ထုတ်ဖော်မပြောကြားဝံ့ကြတော့ပေ။

ထိုအခြေအနေများကို ဥပက္ခာပြုပြီး ဌာနေတိုင်းရင်းသားလူနည်းစုများထဲက အသက် ၁၈ နှစ်မပြည့်သေးသည့် အခြေခံပညာအဆင့်ကျောင်းသူ၊ ကျောင်းသားများကိုလည်း အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေပေသည်။

ထိုဥပက္ခာသည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ဌာနေတိုင်းရင်းသားလူနည်းစုများရှင်သန်ရပ်တည်ရေးအတွက် ဥပဒေအရအကာအကွယ်မရသည့်အပြင် လူမျိုးတုန်းပျောက်ကွယ်မည့်အရေးကို ကြိတ်မှိတ်ကြုံတွေ့နေကြရသည်ကို မီးမောင်းထိုးပြနေပေသည်။

ကတိကဝတ်အားနည်းမှု

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ စစ်မှုထမ်းသင်တန်းတက်သူများသည် ရှေ့တန်ထွက်စစ်တိုက်ရမည်ဆိုခြင်းထက် မိမိရပ်ရွာကာကွယ် ရေးကို အင်အားဖြည့်ရန်အတွက်ဟု ပြောဆိုချက်ရှိသည်။

ထိုပြောဆိုချက်အား အာရက္ခပြည်သူ လူထုက သေချာသောကတိကဝတ်ဟု ယူဆပုံမရတော့​ပေ။

ထိုပြောဆိုချက်အား မြေပြင်တွင်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအတိအကျအာမခံချက်ပေးရန် လိုအပ်နေသည်။

အာရက္ခတပ်တော်မှရပ်ရွာကာကွယ်ရေးအတွက် ၄၅ ရက်စစ်သင်တန်းတက်ရန်ခေါ်ယူသွားသူအများစုသည် ၄၅ ရက်အခြေခံစစ်ပညာသင်တန်းတက်ရောက်ပြီးသော်လည်း နေအိမ်ကို ပြန်မရောက်ကြဟု မိသားစုဝင်များက ဆိုကြသည်။

ထိုအပြင် အာရက္ခတပ်တော်တွင် နှစ်နှစ်ထိတာဝန်ထမ်းဆောင်ပြီးသော်လည်းမိသားစုဝင်များနှင့်အဆက်အသွယ်မရသူများလည်းရှိနေကြဆဲဖြစ်သည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

အမဲလိုက်ပွဲတော်

မြန်မာနိုင်ငံတွင် စစ်မှုထမ်းကိစ္စဖြင့်ပြည်သူလူထုအား အမဲလိုက်သလို ပြန်ပေးဆွဲသလိုမျိုးဖြင့် ကြမ်းကြုတ်မှုအား အာဏာသိမ်းစစ်တပ် ဆောင်ရွက်နေသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းပြဋ္ဌာန်းထားသော စစ်မှုထမ်းဥပဒေထဲမှ Legal Exception များကို ဂရုမစိုက်ပေ။အောက်ခြေအဆင့်တွင် အာဏာပြမှုများ၊ငွေညှစ်မှုများ၊ကိုယ်ချင်းစာနာမှုကင်းမဲ့ခြင်းများ ရှိနေသည်။

ထိုအနေအထားအပေါ် အာဏာသိမ်းစစ်တပ်သိသော်လည်း တမင်တကာ လွတ်ပေးထားခြင်းဖြစ်သည်။အဓိကအချက်မှာ ကိုယ်ထုတ်ထားသောစည်းကမ်းနှင့်မညီညွှတ်သော်လည်း အင်အားရလျှင်ပြီးပြီဟူသော အမြင်ဖြစ်သည်။

ဤအချိန်ကား အောက်ခြေ၏ အဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊ဘယ်သူထိခိုက်သည်ဖြစ်စေ လုပ်မည်။

ထိုသို့လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊အာဏာကို အသုံးချချင်သလို ချခွင့်ပေးထားသည်။

ဤကား အာဏာသိမ်းစစ်တပ်၏လုပ်ရပ်ဖြစ်သည်။

ဤသို့ဆိုပါလျှင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်သည်ကား လားရာအဘယ်သို့ရှိသနည်း။

ဝမ်းနည်းစရာကောင်းသည်က “ကိုယ်ထုတ်ထားသော စည်းကမ်းနှင့်မညီညွှတ်သော်လည်း အင်အားရလျှင်ပြီးပြီဟူ သောအမြင်မျိုး၊ဤအချိန်ကားအောက်ခြေအဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊မည်သူထိခိုက်သည်ဖြစ်စေလုပ်မည်ဟူသောအမြင်မျိုး၊ထိုသို့လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊အာဏာကို အသုံးချချင်သလိုချခွင့်ရနေသော ​အခြေအနေမျိုး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တွင်လည်း ရှိနေသည်။

အာဏာသိမ်းစစ်တပ်သည်ကား ကျင့်ဝတ်ပိုင်းဖောက်ဖျက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတွင် နှိုင်းရမဲ့ဖြစ်ကာ အာဏာရှင်ကို ဖြစ်ပေါ်စေသောအခင်းအ ကျင်းလည်းဖြစ်သည်။

ထိုအာဏာရှင်ကို ဆန့်ကျင်နေသောရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တွင်ပင်လျှင် အောက်ခြေပိုင်းတွင် အာဏာပြမှုများ၊ဆုံးဖြတ်ချက်ချရာတွင်အများပါဝင်မှုကို ပိတ်ပင်မှုများနှင့် Legal Exception များကို မျက်ကွယ်ပြုမှုများ ရှိနေသည်။

အာဏာသိမ်းစစ်တပ်၏စစ်မှုမထမ်းမနေရပြဋ္ဌာန်းချက်တွင် Legal Exception များကို မျက်ကွယ်ပြုမှုမှာ တပ်သားသစ်လိုအပ်ချက်များပြားမှုနှင့်လူထုအား ဖိနှိပ်ငြိမ်ဝပ်စေလို၍ဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏စစ်မှုထမ်းကိစ္စမှာအာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရန်နှင့်အာဏာရှိကြောင်းပြရန်ဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ စစ်မှုထမ်းသင်တန်းတက်သူများသည် ရှေ့တန်းထွက်စစ်တိုက်ခြင်းထက် မိမိရပ်ရွာကာကွယ်ရေးကို အင်အားဖြည့်ရန်အတွက်ဟု ပြောနေသော် လည်း ထိုအချက်မှာ အာရက္ခပြည်သူလူထုအတွက် သေချာသောကတိကဝတ်အဖြစ် ရှိနေပုံမရချေ။

ဤသို့ဖြင့် နှစ်ဘက်စလုံးကား မိမိထုတ်ပြန်ထားသော Legal Exception များကို ဂရုစိုက်ဟန်မရှိပေ။

သို့သော် မျှော်လင့်ချက်ဝေဝါးနေချိန်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် အာဏာသိမ်းစစ်တပ်ထက် ပြောဆို၍ရတန်နိုင်ကောင်းသည်။

သို့သော်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ကြမ်းကြုတ်မှုများကို အကြောင်းပြချက်ပြကာ အာရက္ခဒေသ၏လူ့ဂုဏ်သိက္ခာနှင့်တရားမျှတမှုအား ပစ်ပယ်မှုဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအား ကျော်ဖြတ်ရန်မဖြစ်နိုင်ပေ။

PrevPreviousနတ်တလင်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး
Nextတနင်္သာရီမှာ အာဏာသမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်Next
Previous Post

နတ်တလင်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး

Next Post

တနင်္သာရီမှာ အာဏာသမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ယင်းမာပင်မှာဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့လူထုလှုပ်ရှားမှုလုပ်

May 8, 2026
​Ref/Photo - Al Jazeera

​အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အီရန်က ပြန်လည်စိစစ်နေ

May 8, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို သမ္မတတုဝေဖန်

May 8, 2026

မြန်မာလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တယ်လို့ မဏိပူရ်ဝန်ကြီးချုပ် စွပ်စွဲ

May 8, 2026

ယင်းမာပင်မှာဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့လူထုလှုပ်ရှားမှုလုပ်

​အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အီရန်က ပြန်လည်စိစစ်နေ

​နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို သမ္မတတုဝေဖန်

မြန်မာလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တယ်လို့ မဏိပူရ်ဝန်ကြီးချုပ် စွပ်စွဲ

​မူတြော်မှာစိတ်ကြွဆေးပြား ၉ သန်းကျော်ကို KNU မီးရှို့ဖျက်ဆီး

​ဟော်မုဇ်ရေလက်ကြားဖွင့်ပေးဖို့ အမေရိကန်က UN ကို ဖိအားပေးတိုက်တွန်း

Releated Post

ဓာတ်ပုံ - အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

ယင်းမာပင်မှာဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့လူထုလှုပ်ရှားမှုလုပ်

May 8, 2026
​Ref/Photo - Al Jazeera

​အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အီရန်က ပြန်လည်စိစစ်နေ

May 8, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို သမ္မတတုဝေဖန်

May 8, 2026

မြန်မာလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တယ်လို့ မဏိပူရ်ဝန်ကြီးချုပ် စွပ်စွဲ

May 8, 2026
ဓာတ်ပုံ - KNU

​မူတြော်မှာစိတ်ကြွဆေးပြား ၉ သန်းကျော်ကို KNU မီးရှို့ဖျက်ဆီး

May 8, 2026
Ref/Photo - Al Jazeera

​ဟော်မုဇ်ရေလက်ကြားဖွင့်ပေးဖို့ အမေရိကန်က UN ကို ဖိအားပေးတိုက်တွန်း

May 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page