Border News Agency
နတ်တလင်း၊ မေ ၇။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံးသွားတယ်လို့ ဧရာညီနောင်စစ်ကြောင်းမှ မေလ ၅ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီဘန့်ဘွေကုန်းကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ပြီးခဲ့တဲ့ဧပြီလ ၁၁ ရက်၊မနက် ၁၁ နာရီအချိန်ခန့်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှ ဒရုန်း၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတဲ့အပြင် ၁ ဦး အရှင်ဖမ်းမိခဲ့သလို G3 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ နတ်တလင်းခရိုင် (ပကဖ) Drone အဖွဲ့ နဲ့တပ်ခွဲ ၆၊ ဧရာညီနောင်စစ်ကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။







