Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး အမျိုးသမီးကဏ္ဍ

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၁၆။

“သူမ အသတ်မခံရခင်မှာ သူမအထက်အရာရှိတွေရဲ့လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေခံနေရတယ်။”လို့ သူမရဲ့ မိသားစုကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် အထက်လူကြီးတွေကို တိုင်ကြားရင် အလုပ်ထုတ်ခံရမှာ ဒါမှမဟုတ် လက်စားချေခံရမှာကို ကြောက်တဲ့အတွက် သူမဟာ တရားဝင်မတိုင်ကြားနိုင်ခဲ့ပါဘူး။”

အဲဒါဟာ အမျိုးသမီးတပ်ဖွဲ့ဝင်တဦးဖြ စ်တဲ့ဗင်နစ်ဆာဂူလင်(Vanessa Guillen)ဖြစ်ရပ်မှာ အမေရိကန်ပြည်သူတွေ ဒေါသအထွက်ရဆုံးအချက်ပါ။

ဗင်နစ်ဆာဂူလင်ဆိုတာ ဘယ်သူလဲ။

ဗင်နစ်ဆာဂူလင်(Vanessa Guillen) ဟာ တက္ကဆက်( Texas)ပြည်နယ်၊ ခု ဖောတ့် ကာဗာဇိုစ် (Fort Cavazos) လို့အမည်ပြောင်းထားတဲ့ဖော့တ် ဟုဒ် (Fort Hood) အခြေစိုက် အမေရိကန်ကြည်းတပ်ကအမျိုးသမီးတပ်ဖွဲ့ဝင်တဦးဖြစ်ပါတယ်။

သူမဟာ အသက် ၂၀ အရွယ် ၂၀၂၀ ပြည့်နှစ်၊ဧပြီလ ၂၂ ရက်နေ့မှာ စစ်စခန်းအတွင်းက ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။

သူမ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေနဲ့အများပြည်သူတွေက လိုက်ရှာခဲ့ကြပါတယ်။

နှစ်လကျော်အကြာ ဇွန်လ ၃၀ ရက်နေ့မှာတော့ လီယွန်(Leon)မြစ်အနီးမှာ သူမရဲ့ ရုပ်အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး မြှုပ်ထားတာကို ရှာတွေ့ရှိခဲ့ပါတယ်။

အဲဒီအမှုစုံစမ်းစစ်ဆေးချက်တွေအရ သူမကို သတ်ခဲ့သူဟာ အတူအလုပ်လုပ်တဲ့ တပ်သားအာရွန် ရော်ဘင်ဆင် (Aaron Robinson)ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ ရော်ဘင်ဆင်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

ရော်ဘင်ဆင်ရဲ့ ရည်းစားဖြစ်သူက တော့ အလောင်းဖျောက်ရာမှာ ကူညီခဲ့မှုနဲ့ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါတယ် ။

အဲဒီအမှုမှာ အမေရိကန်ပြည်သူတွေ ဒေါသအထွက်ဆုံးအချက်က ဗင်နီဆာ မသေဆုံးခင်မှာ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု(Sexual Harassment)တွေ ခံနေရတယ်လို့ သူမရဲ့မိသားစုကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ အထက်လူကြီးတွေကို တိုင်ကြားရင် အလုပ်ထုတ်ခံရမှာ ဒါမှမဟုတ် လက်စားချေခံရမှာကို ကြောက်တဲ့အတွက် တရားဝင်မတိုင်ကြားခဲ့ရပါဘူး။

သူမဟာ တပ်တွင်းတာဝန်ထမ်းဆောင်ချိန်မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး သူမရဲ့တပ်ဖွဲ့ဟာ သံသယဖြစ်စရာကောင်းလောက်အောင်ရှာဖွေမှုနှေးကွေးခဲ့ပါတယ်။

သူမရဲ့ မိသားစုကိုလည်း သူမနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်တွေ မပေးဘဲ ဖျောက်ထားခဲ့ပါတယ်။

အဲဒီတော့ အမေရိကန်ပြည်သူတွေဟာ ဒေါသတကြီးနဲ့လမ်းမပေါ်ထွက်ဆန္ဒပြကြပါတော့တယ်။

အဲဒီလိုနဲ့လူထုက စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ပြလာတဲ့အခါ တခြားတပ်ဖွဲ့ဝင်အမျိုးသမီးတွေလည်း သူတို့အပေါ် တ ပ်တွင်းလိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိ ပါးအမြတ်ထုတ်ခံရတာတွေကို ဖော်ထု တ်ရဲလာကြပါတော့တယ်။

တပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့ (#IAmVenessaGuillen)ပိုစ့် hashtag တွေနဲ့လူမှုကွန်ရက်ပေါ်မှာ(MeToo) လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်။

အဲဒီဖြစ်ရပ်ကြောင့် အမေရိကန်စစ်တပ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ကြီးမားတဲ့ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ကျနော်လည်းဗင်နီဆာဂူလင်ဥပဒေ”(I Am Vanessa Guilln Act)”ကို ပြဋ္ဌာန်းခဲ့ရပါတော့တယ်။

ဒီဥပဒေအရ…

စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတိုင်ကြားချက်တွေကို တပ်တွ င်းအမိန့်ပေးစနစ်(Chain of Command)ကမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းက စစ်ဆေးခွင့်ရသွားပါတယ်။

အဲဒါဟာ တိုင်ကြားသူတွေကို ပိုမိုအ ကာအကွယ်ပေးလာနိုင်ခဲ့ပြီး စစ်တပ်အ တွင်းက အမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ တရားမျှတမှုအတွက် အရေးကြီးတဲ့အ လှည့်အပြောင်းဖြစ်လာခဲ့ပါတယ်။

ဗင်နီဆာ ဂူလင်လို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ထိပါးနှောင့်ယှက်ခံနေကြရတဲ့အမျိုးသမီးရဲဘော်တွေဟာ လက်န က်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာလည်း ရှိနေကြပါတယ်။

အထက်အရာရှိအမျိုးသားတွေရဲ့ ပြုမှုပုံတွေဟာ အမျိုးသမီးရဲဘော်တွေရဲ့ ကာယအိန္ဒြေလုံခြုံမှုနဲ့လူသားချင်းတန်း တူမှု ချိုးဖျက်ချနင်းနေသလိုဖြစ်နေကြပါတယ်။

လူကြီးတွေ အရမ်းပင်ပန်းနေလို့ နင်တို့တွေ ဒီလောက်တောင် မလုပ်ပေးချင်ဘူးလားဆိုတဲ့အကြောင်းပြချက်နဲ့အမိန့်အောက်မှာ အမျိုးသမီးရဲဘော်တချို့ဟာ ချောင်ပိတ်ခံနေကြရပါတယ်။

တော်လှန်ရေးခံယူချက်နဲ့ မိမိယုံကြည်ရာအဖွဲ့အစည်းထဲဝင်လာခါမှ ဖျော်ဖြေရေးဆန်ဆန်အသုံးချခံနေရပြီး လူ့ဂုဏ်သိက္ခာ၊လုံခြုံမှုနဲ့တရားမျှတမှုပျောက်ဆုံးစွာ ဆက်ဆံခံနေကြရပါတယ်။

ငါရဲဘော်တွေ ပင်ပန်းလို့ ပျော်ပါစေ ဆိုတဲ့စကားဟာ“အမျိုးသားရဲဘော်တွေ ပျော်ဖို့အတွက် အမျိုးသမီးရဲဘော်တွေက ဖျော်ဖြေပေးရမလို” ဖြစ်နေတယ် ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

အဲဒါတွေဟာ အမျိုးသမီးရဲဘော်တွေရဲ့ တော်လှန်ရေးခံယူချက်နဲ့လိင်ဖြစ်တည်မှုကို ဖိနှိပ်မှုဖြစ်နေတယ် ဆိုတာကိုလည်း ဂရုပြုကြဖို့လိုပါတယ်။

အမျိုးသမီးရဲဘော်တွေအတွက် အဖွဲ့အစည်းအသွင်သဏ္ဍာန်ထိန်းချုပ်မှုနဲ့ငြင်း ဆန်ရင်ခံရမယ့်အပြစ်ဒဏ်ရက်စက်မှုကခြောက်လန့်တဲ့အခါ နှုတ်ဆိတ် ကြောက်လန့်မှုကသာ လွှမ်းမိုးခံလိုက်ရတဲ့အခြေအနေတွေကိုလည်း ဖယ်ရှားပစ်ကြဖို့လိုပါတယ်။

ကျနော်လည်း ဗင်နီဆာဂူလင်ဥပဒေ (“I Am Vanessa Guillen Act”)မှာလိုလ က်နက်ကိုင်တပ်ဖွဲ့အတွင်း လိင်ပိုင်းဆို င်ရာနှောင့်ယှက်ထိပါးစော်ကားမှုတွေရှိလာရင်အမျိုးသမီးရဲဘော်တွေအတွက် တပ်တွင်းအမိန့်ပေးစနစ်(Chain of Command)က မဟုတ်ဘဲ လွတ်လွတ်လပ်လပ်တိုင်ကြားနိုင်တဲ့သီးခြားလွတ် လပ်တဲ့အဖွဲ့အစည်းတွေ ထူထောင်ဖို့လိုလာပါတယ်။

တိုင်ကြားသူအမျိုးသမီးရဲဘော်တွေကို ရုပ်ပိုင်းဆိုင်ရာ၊စိတ်ဆိုင်ပိုင်းဆိုင်ရာအ ကာအကွယ်ပေးနိုင်တဲ့မူဝါဒစနစ်တွေ လိုနေပါတယ်။

အမေရိကန်စစ်တပ်ထဲမှာ ဗင်နီဆာဂူလင်ဖြစ်ရပ်မျိုးတွေ ရှိခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်စစ်တပ်ဟာ ပြည်သူ့ရဲ့ အာဏာကိုအမြဲနာခံပါတယ်။

ဗင်နီဆာဂူလင်ဖြစ်ရပ်မျိုးရှိလာရင်လည်း ဖြစ်ရပ်ကို ဝန်ခံရဲပါတယ်။ပြီးရင် နောက်ထပ် ဗင်နီဆာဂူလင်တွေ ထပ်ဖြစ်မလာအောင်လည်း သင်ခန်းစာယူပါတယ်။

ဗင်နီဆာဂူလင်ဖြစ်ရပ်ဟာ လက်ရှိ အမေရိကန်စစ်ဘက်အရာရှိသင်တန်းတွေမှာ ထည့်သွင်းသင်ကြားနေပြီး နောက်ဒီလိုထပ်မဖြစ်အောင် အမြဲနိုးဆော်နေပါတယ်။

အမေရိကန်စစ်ဘက်ရဲ့သင်ခန်းစာမှာ ဗင်နီဆာဂူလင်ဖြစ်ရပ်နဲ့ပတ်သက်ပြီး သင်ကြားမှုတချို့ကို(လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာခံမှု – ၆ https://burmese.bnanews.net/articles/26931/)မှာ ဖတ်ကြည့်နိုင်ပါတယ်။

လူသားဂုဏ်သိက္ခာ၊တရားမျှတမှုနဲ့ကျင့်ဝတ်ကိုလေးစားလို့ ကျရှုံးသွားတဲ့ စစ် တပ်ဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။

အမှားကို ဝန်ခံလို့လည်း ကျရှုံးသွားတဲ့စစ်တပ်ဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။

တိုက်ပွဲကာလအတွင်းဖြစ်လို့ ကျင့်ဝတ်တွေ၊စံနှုန်းတွေကို ဖယ်ထားလိုက်ပါဆိုရင်တော့ ဒါဟာ ကိုယ့်အင်အားကိုယ်သတ်ဖြတ်ဖျက်ဆီးနေတာနဲ့အတူတူပါပဲ။

ဒီဆောင်းပါးဟာလက်နက်ကိုင်တပ်ဖွဲ့တွေက အမျိုးသမီးရဲဘော်တွေရဲ့လူ့ဂုဏ်သိက္ခာ၊လုံခြုံရေးနဲ့တရားမျှတမှုအတွက် ရည်ညွှန်းပါတယ်။

ကိုးကား…

  • https://edition.cnn.com/2020/07/02/us/vanessa-guillen-fort-hood-disappearance
  • https://edition.cnn.com/2020/06/30/us/vanessa-guillen-search-remains-found/index.html
PrevPrevious​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်
Previous Post

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ကိုးကား / ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲကြောင့် BRICS အစည်းအဝေး ဘုံသဘောထားမရဘဲ ပြီးဆုံး

May 16, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​လေကြောင်းတိုက်ခိုက်မှုအတွက် လက်နက်ပွဲစားရဲ့ငွေခဝါချမှုကို JFM သတိပေး

May 16, 2026

​ဘိုးအင်းလေယာဉ် အစင်း ၂၀၀ ဝယ်ဖို့ တရုတ်သဘောတူတယ်လို့ ထရန့်ပြော

May 16, 2026
​ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

စစ်အာဏာသိမ်းပြီးနောက် ဗကသရဲဘော် ၅၀ ကျော် ဖမ်းဆီးခံရပြီး ၂၆ ဦး ထောင်တွင်းရှိနေ

May 16, 2026

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

​အီရန်စစ်ပွဲကြောင့် BRICS အစည်းအဝေး ဘုံသဘောထားမရဘဲ ပြီးဆုံး

​လေကြောင်းတိုက်ခိုက်မှုအတွက် လက်နက်ပွဲစားရဲ့ငွေခဝါချမှုကို JFM သတိပေး

​ဘိုးအင်းလေယာဉ် အစင်း ၂၀၀ ဝယ်ဖို့ တရုတ်သဘောတူတယ်လို့ ထရန့်ပြော

စစ်အာဏာသိမ်းပြီးနောက် ဗကသရဲဘော် ၅၀ ကျော် ဖမ်းဆီးခံရပြီး ၂၆ ဦး ထောင်တွင်းရှိနေ

Releated Post

​ကိုးကား / ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

May 16, 2026
​ကိုးကား - Khaosod

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

May 16, 2026
​ကိုးကား / ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲကြောင့် BRICS အစည်းအဝေး ဘုံသဘောထားမရဘဲ ပြီးဆုံး

May 16, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​လေကြောင်းတိုက်ခိုက်မှုအတွက် လက်နက်ပွဲစားရဲ့ငွေခဝါချမှုကို JFM သတိပေး

May 16, 2026

​ဘိုးအင်းလေယာဉ် အစင်း ၂၀၀ ဝယ်ဖို့ တရုတ်သဘောတူတယ်လို့ ထရန့်ပြော

May 16, 2026
​ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

စစ်အာဏာသိမ်းပြီးနောက် ဗကသရဲဘော် ၅၀ ကျော် ဖမ်းဆီးခံရပြီး ၂၆ ဦး ထောင်တွင်းရှိနေ

May 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page