Border News Agency
ဘူးသီးတောင်၊မေ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်၊မြို့မစေတီတောင်ရွာမှာ ပြီးခဲ့တဲ့မတ်လက အသ က် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တရားခံအသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင်ကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက မေလ ၉ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက၁၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ သူငယ်ချင်းဖြစ်သူတွေနဲ့အတူ ရွာလမ်းမပေါ်မှာ ပုန်းတမ်းဝှက်တမ်း ကစားခဲ့ကြပြီး တရားခံ ဦးရွှေသန်းမောင်ရဲ့ နေအိမ်ထဲကို ဝင်ပုန်းမိစဉ် တရားခံက မိန်းကလေးငယ်ရဲ့ ပါးစပ်ကိုပိတ်ကာ အိမ်ထဲသို့ ဆွဲသွင်းပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကို ကာယကံရှင် မိန်းကလေးငယ်က မိခင်ဖြစ်သူထံပြန်လည်ပြောပြခဲ့တာကြောင့် မိခင်ဖြစ်သူက မေလ ၈ ရက်နေ့မှာ သက်ဆိုင်ရာစခန်းသို့ လာရောက်တိုင်တန်းခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တာပါ။
အဲဒီပြစ်မှုကျူးလွန်သူ ဦးရွှေသန်းမောင်ကို ဖမ်းဆီးစစ်ဆေးရာမှာ သူက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့လို့ မောင်တောမြို့နယ်တရားရုံးမှာ ဖြောင့်ချက်ရယူတာနဲ့ မျက်မြင်သက်သေတွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲဆို တင်ပို့သွားမယ်လို့ သိရပါတယ်။








