Border News Agency
ထိုင်း၊ မေ ၁၇။
ထိုင်းနိုင်ငံ၊ ဥထိုင်ဌာနီခရိုင်မှာ မေလ ၁၅ ရက် မနက်အစောပိုင်းက အထောက်ထားမဲ့မြန်မာနိုင်ငံသား ၁၅ ဦးအပါအဝင် ထိုင်းယာဥ်မောင်းတဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေ စီးလာတဲ့ကားတစီးကို တာဝန်ရှိသူတွေက စစ်ဆေးဖို့တားဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားဟာစစ်ဆေးမခံဘဲလမ်းကြောင်းပြောင်း မောင်းနှင်ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးရာကနေ ရဲကားတစီးကိုဝင်တိုက်မိပြီး အထောက်အထားမဲ့မြန်မာလုပ်သား ၁၅ ဦးနဲ့ ထိုင်းယာဉ်မောင်းတဦးကိုပါ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီထိုင်းယာဉ်မောင်းဟာ မြန်မာလုပ်သားတွေကို ကမ်ဖယ်ဖေ့စ်ခရိုင်ကနေ တဦးကိုဘတ် ၁,၀၀၀ စီနဲ့ သယ်ဆောင်လာတာဖြစ်ပြီး အလုပ်သမားတွေကတော့ ချင်းရိုင်ဘက်ကနေ တရားမဝင် ဝင်ရောက်လာကြတာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၉ ဦးနဲ့ ထိုင်းယာဉ်မောင်းတွေကိုသက်ဆိုင်ရာရဲစခန်းတွေမှာ ဥပဒေအတိုင်း အရေးယူဖို့ဆောင်ရွက်နေပါတယ်။










