Border News Agency
ဘူးသီးတောင်၊ ဩဂုတ် ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လက ရေကြီးမှုကြောင့် ညစ်ညမ်းသွားတဲ့သောက်သုံးရေကန်တွေကို အာရက္ခအစိုးရနဲ့ ဒေသခံတွေပူးပေါင်းပြီး ပြန်လည်သန့်စင်ပေးနေပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်၊ဂေါင်နီရွာရှိ ရေမြုပ်သွားတဲ့သောက်သုံးရေကန်ကို သြဂုတ်လ ၁၅ ရက်နေ့က ရခိုင်၊ဟိန္ဒူနဲ့ မူဆလင် လူငယ်တွေက အာရက္ခအစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ ရေဆိုးတွေစုပ်ထုတ်သန့်ရှင်းခဲ့ကြပါတယ်။
အဲဒီအပြင်ဘူးသီးတောင်နဲ့ မောင်တောအပါအဝင် မြို့နယ်အများအပြားမှာလည်း ရေကန်တွေပြန်လည်ကောင်းမွန်ရေးကို အာရက္ခအစိုးရနဲ့ဒေသခံတွေ လက်တွဲဆောင်ရွက်နေကြတာပါ။
အာရက္ခဒေသရှိ မတူကွဲပြားတဲ့လူမျိုးပေါင်းစုံဟာ အာရက္ခဒေသအတွက် ဒေသဖွံ့ဖြိုးရေးနဲ့ သန့်ရှင်းသာယာရေး လုပ်ငန်းတွေကို အစိုးရနဲ့အတူပူးပေါင်းဆောင်ရွက်နေပါတယ်။



















