Border News Agency
လေးမျက်နှာ၊ သြဂုတ် ၁၇။
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်မှာ မိုးစပါးစိုက်ဧကနှစ်သောင်းကျော် ရေမြုပ်နေတယ်လို့ ဟင်္သာတခရိုင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဆိုပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်မှာ ရေမကြီးခင်အချိန်ထိ ဧကသုံးသောင်းကျော်စိုက်ပျိုးခဲ့ပေမယ့် ဧကနှစ်သောင်းကျော်နေမြုပ်နေပါ။
အဲဒီဟင်္သာတခရိုင်မှာ မိုးစပါးစိုက်ဧကနှစ်သိန်းခွဲကျော် စိုက်ပျိုးဖိုလျာထားပြီး ဧကနှစ်သိန်းသုံးသောင်းကျော်စိုက်ပျိုးပြီးဖြစ်ပါတယ်။
အဲဒီဟင်္သာတခရိုင်မှာ ဟင်္သာတမြို့နယ်နဲ့လေးမျက်နှာမြို့နယ်ဟာ မိုးစပါးစိုက်ဧကအများဆုံးစိုက်ပျိုးကြတာပါ။
ဒါပေမယ့် လေးမျက်နှာမြို့နယ်တခုလုံးနီးပါးရေနစ်မြုပ်နေတာမို့ မိုးစပါးစိုက်ဧကတွေထပ်များလာနိုင်သေးတယ်လို့လယ်သမားတွေက ဆိုကြပါတယ်။










