Border News Agency
ဘင်္ဂလားဒေ့ရှ်၊ မေ ၁၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက်ပင်လယ်ပြင်မှာ မေလ ၁၆ မြန်မာနိုင်ငံဘက်ကို တရားမဝင်မှောင်ခိုပို့ဆောင်မယ့် ဘိလပ်မြေအိတ် ၂,၄၀၀ နဲ့အတူ မှောင်ခိုသမား ၃၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမှောင်ခိုပစွည်းတွေကို ဘင်္ဂလားဒေ့ရှ်၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ရေတပ်တို့ပူးပေါင်းပြီး ငါးဖမ်းလှေ ၃ စီးကို ရှာဖွေစစ်ဆေးရာကနေဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မှောင်ခိုသမားတွေဟာဘိလပ်မြေတွေကို ဟာတီးယားနဲ့ ဆင်းဒွစ်ပ်ဒေသတွေကနေ သယ်ဆောင်လာတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ပိတ်ပင်တားမြစ်ထားတဲ့ အဖွဲ့အစည်းတွေဆီသွားရောက်ပို့ဆောင်ဖို့ ရည်ရွယ်ထားတာလို့ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ ဘိလပ်မြေတွေရဲ့ကာလတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်တာကာ ၁၆ သိန်း ၈ သောင်းကျော်ဖိုးရှိတယ်လို့ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ လှေ ၃ စီး၊ ဘိလပ်မြေတွေနဲ့ ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီမှောင်ခိုလုပ်ငန်းရဲ့နောက်ကွယ်က အဓိကတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက်လည်း လုံခြုံရေးအဖွဲ့အစည်းတွေက ထောက်လှမ်းရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။




