Border News Agency
လေးမျက်နှာ၊ သြဂုတ် ၁၇။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာအောက်ခံမြစ်ကျိုးအင်းသဲကြောထူးပေါက်ပြီး ရေဝင်နေလို့ခြောက်မြို့နယ်ရေကြီးနေပါတယ်။
အဲဒီဟင်္သာတ၊ရေကြည်၊ငါးသိုင်းချောင်း၊ကျုံပျော်နဲ့ကျောင်းကုန်းစတဲ့မြို့နယ်တွေရှိ ရပ်ကွက်တွေ၊ကျေးရွာတွေ ရေ ကြီးရေလျှံနေတာပါ။
အဲဒီငဝန်မြစ်ရေကာတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကစတင်ပြီး မြစ်ရေတိုက်စားမှုတွေကြောင့် ကျိုးပျက်သွားတာပါ။
အဲဒါကြောင့်စာသင်ကျောင်းတွေ၊ဆေးရုံတွေရေနစ်နေသလို လမ်းတွေလည်းရေနစ်နေတာမို့ ဒေသခံတွေရေဘေးရှောင်နေကြရပါတယ်။
အဲဒီရေဘေးသင့်ပြည်သူတွေဟာ အချိန်ကြာလာတာမို့စားဝတ်နေရေးအပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေကြပါတယ်။










