Border News Agency
နေပြည်တော်၊ မေ ၂၁။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ် ၈၀၃တပ်ရင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မေလ ၂၀ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းဆင်းပွဲဟာ အမှတ် ၈၀၃တပ်ရင်းရဲ့ အပတ်စဉ် ၇ အခြေခံစစ်ပညာသင်တန်းဆင်းပွဲဖြစ်ပြီး ရှေ့တန်းနယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာပါ။
သင်တန်းဆင်းပွဲမှာ တပ်သားတွေချီတက်အလေးပြုတာ၊ စစ်ဆင်ရေးမှူးက မိန့်ခွန်းပြောကြားတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသက်ပေးကာကွယ်သွားမယ်လို့ သင်တန်းဆင်းတပ်သားတွေမှ ကတိသစ္စာဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။













