Border News Agency
နတ်တလင်း၊ မေ ၂၉။
ပဲခူးဒေသ၊နတ်တလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး မေလ ၂၅ ရက်နေ့က PDF ဆီအလင်းဝင်လာတယ်လို့ တပ်ရင်း ၃၈၀၁၊တပ်ခွဲ ၃ – နတ်စစ်သည်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီပန်းတောင်းမြို့နယ် စစ်တပ်ခလရ ၉၂ မှ ပြည်သူ့စစ်မှုထမ်းတပ်သား ပြည့်ဖြိုးအောင်ဟာ စစ်သက်တနှစ်ခန့်အကြာမှာအလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားဟာ ရန်ကုန်၊ဖောင်ကြီးမှာ စစ်မှုထမ်းသင်တန်းတက်ခဲ့ပြီးနောက် ရခိုင်စစ်မျက်နှာတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားအနေနဲ့ အာဏာရှင်လူတစုအတွက် အသက်ပေးတာဝန်မထမ်းနိုင်သလို ပြည်သူလူထုလွတ်မြောက်ရေး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။






