Border News Agency
ပုဏ္ဏားကျွန်း၊ဇွန် ၂၇။
ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာစစ်ဘေးရှောင်စခန်းက အသက်လေးဆယ်သုံးနှစ်အရွယ် ဘေးတွဲမောင်းသမားတဦးဟာ လမ်းဘေးမြောင်းထဲမှာသေဆုံးနေပါတယ်။
အဲဒီသူဟာ ပုဏ္ဏားကျွန်းမြို့ ၊ရွာဟောင်းရပ်ကွက်ဇာတိဦးဘမောင်ရဲ့သားဦးခင်မောင်ဝင်းဖြစ်ပါတယ်။
သူဟာ ဇွန်လ ၂၅ ရက်၊ညနေက စခန်းမှထွက်သွားပြီးနောက် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့တာလို့ မိသားစုတွေက ဆိုကြပါတယ်။
သူ့ကို လိုက်ရှာကြရာမှာ ဇွန်လ ၂၆ ရ က်၊ညနေ ၆ နာရီကျော်အချိန်ခန့်က ဘုရားကြီးရွာဝင်လမ်း ဆိုင်းဘုတ်ရှေ့လ မ်းမဘေးမြောင်းထဲမှာသေဆုံးနေတဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ ဆိုကြပါတယ်။
အဲဒီရုပ်အလောင်းဟာ မြောင်းထဲမှာ ဝပ်ပြီးခြေထောက်တဖက်ထောင်ကာ သေဆုံးနေတာလို့ဆိုကြပါတယ်။
သူဟာဟာ ဆယ်တန်းထိ ပညာသင်ကြားခဲ့ဖူးပြီး ဇနီးဖြစ်သူ မအုန်းချေ၊ ညီအစ်ကိုမောင်နှမလေးဦးနဲ့အတူ ပန်းနီလာစစ်ဘေးရှောင်စခန်းမှာ နေတာပါ။







