Border News Agency
မီဇိုရမ်၊ဇူလိုင် ၁၀။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေကို မူးယစ်ဆေးဝါးတွေတွေနဲ့အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဖမ်းမိခဲ့ပါတယ်။
အဲဒီဇိုခေါထရ်မှအိုက်ဇောလ်မြို့ကို ဇူလိုင်လ ၇ ရက်နေ့လာတဲ့ ခရီးသည်တင်ကားပေါ်မှာဘိန်းဖြူ ၂၆ ဂရမ်နဲ့အတူ ခေါမွေးရွာက အသက်နှစ်ဆယ်အရွယ် လာလ်ရင်ချာန်နာကို ဖမ်းခဲ့သလို ဇူလို င်လ ၆ ရက်နေ့ကလည်း ခေါမွေးရွာမှာနေထိုင်သူအသက်လေးဆယ်နှစ်နှစ်အရွယ်သွာမ်းမွေးအာကို ဟီးရိုးအင်း ၄၈ ဂရမ်နဲ့ဖမ်းမိခဲ့ပါတယ်။
အဲဒီအပြင် အိုက်ဇောမြို့မှာ ရူပီးတဒသ မခြောက်သန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတဒသမကိုးငါးငါးကီလိုဂရမ်နဲ့အတူ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကို ထပ်ဖမ်းမိခဲ့ပါတယ်။
အဲဒီဖမ်းမိမူးယစ်ဆေးဝါးသယ်သူတွေကို သက်ဆိုင်ရာရဲစခန်းမှာ မူးယစ်ဆေး ဝါးပုဒ်မတွေနဲ့အမှုဖွင့်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လုပ်နေကြပါတယ်။












