Border News Agency
ဂွ၊ဇူလိုင် ၁၄။
ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်၊ညနေမှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးငါးဆယ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဂွမြို့နယ်၊ကွင်းလျားရှည်ရွာ၊ရဟိုင်းကွင်းရွာနဲ့ကျောင်းကုန်းရွာကို ည ၁၀ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှ်ိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းကုန်းရွာရှိနေအိမ်တလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကို စုံစမ်းနေပါတယ်။
အဲဒီဂွမြို့နယ်၊ကုလားချောင်းရွာနဲ့ ပေါက်တူးရွာကို ဇူလိုင်လ ၁၀ ရက်နေ့ကလည်းအာဏာသိမ်စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလေးဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ပြီးစာသင်ကျောင်းနဲ့နေအိမ်ခုနှစ်လုံး ပျက်စီးခဲ့ပါတယ်။
အာရက္ခဒေသမှာ ရက်ဆက်မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ပြည်သူတွေရေဘေးဒုက္ခအပြင်းအထန်ကြုံတွေ့နေရတဲ့အချိန်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာကာ အရေးပေါ်ရွှေ့ပြောင်းနေရတဲ့အပြင် စစ်ဘေးအန္တရာယ်ပါထပ်မံရင်ဆိုင်နေရတာကြောင့် ပြည်သူတွေဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး ကိုယ်စိတ်နှစ်ပါးစိုးရိမ်ထိတ်လန့်မှုတွေပိုမြင့်တက်ကာ စားဝတ်နေရေးနဲ့အသက်အန္တရာယ်နှစ်ထပ်ကွမ်း ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။










