Border News Agency
ပေါက်၊ဇူလိုင် ၁၄။
မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့ နယ်အရှေ့ပိုင်းရှိထောက်ရှာပင်ကျေးရွာကို ဇူလိုင်လ ၁၄ ရက်၊ဒီနေ့ နေ့လည်က အာဏာသိမ်းစစ်တပ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ထောက်ရှာ ပင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်လေးဆယ်ကျော်ပြာကျမီးလောင်ခဲ့ပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ရွာသူရွာသားတွေဘေးလွတ်ရာသို့အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိုးအိမ်မဲ့သွားသူတွေအတွက်အမိုးအကာနဲ့ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။




















