Border News Agency
ကျောက်တော်၊ ဇူလိုင် ၁၇
ကျောက်တော်မြို့နယ်မှာရေလွှမ်းမိုးခခဲ့တဲ့ သောက်သုံးရေကန်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ဒေသခံတွေ ပြုပြင်နေပါတယ်။
အဲဒီကျောက်တော်မြို့နယ်ရှိ စပါးဆိပ် (သီရိ)ရွာနဲ့ရွှေတလှည်းရွာရှိသောက်ရေကန်နှစ်ကန်မှ ရေဆိုးတွေကို အာရက္ခအစိုးရဌာနဆိုင်ရာတွေနဲ့ဒေသခံတွေပေါင်းပြီး ဇူလိုင်လ ၁၅ ရက်နေ့ကရေစုပ်ထုတ်သန့်ရှင်းရေးလုပ်ခဲ့ကြတာပါ။
အဲဒီအပြင် ရွှေတလှည်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိရေကန်ကို အာရက္ခအစိုးရအုပ်ချုပ်ရေးအဖွဲ့၊မီးသတ်ဌာန၊ဒေသခံပြည်သူတွေပေါင်းပြီးပြည်သူတွေသောက်သုံးရေအခက်အခဲ မရှိစေဖို့ ဆက်လုပ်မယ်လို့ ဆိုပါတယ်။
















