Border News Agency
ဘန်ကောက်၊ဇူလိုင် ၂၂။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်အနုတင်ချာန်ဗီရကူးလ်နဲ့လာမယ့်ဩဂုတ် လပထမအပတ်ဘန်ကောက်မြို့မှာ တွေ့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကတ်ကဲယိုးက ပြောပါတယ်။
သူဟာ သြဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ ဘန်ကောက်ကိုလာပြီးနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမယ့်နှစ်ဘက်ပြိုင်တူ ချဉ်းကပ်တဲ့ မူဝါဒအစိတ် အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံကတော့ ဖယ်ကြဉ်ခံထားရတဲ့ မြန်မာနိုင်ငံကို အာဆီယံအတွင်း ပြန်ပါဝင်လာဖို့ကြိုးပမ်းနေတာပါ။
အဲဒီအပြင် ထိုင်းနယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ထိုင်းနိုင်ငံက ကူညီပေးနိုင်မယ်လို့လည်း သူက ဆိုပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအတွက် အမြဲတမ်းသံတမန်တဦးခန့်ဖို့ အာဆီယံစဉ်းစားနေတယ်လို့ ဆိုပါတယ်။










