Border News Agency
မဲဆောက်၊ဇူလိုင် ၂၂။
ထိုင်းနိုင်ငံ၊တာ့ခရိုင်၊မဲဆောက်မြို့နယ်မှာ လုပ်ခလစာမရတဲ့အတွက်မြန်မာအလုပ်ရှင်ရဲ့လည်ပင်းကိုဓားနဲ့လှီးကာ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့တဲ့ မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးလို က်ပါတယ်။
အဲဒီမဲဆောက်မြို့နယ်၊မယ်ပကျေးရွာအုပ်စုရှိ ဘောလုံးကွင်းအနောက်ဘက် လမ်းပေါ်မှာ ဇူလိုင် ၂၀ ရက်နေ့ကဖြစ်ခဲ့တာဖြစ်ပြီး ကားပေါ်အတူပါလာသူနှစ်ဦးက ကားမောင်းသူလည်ပင်းကို ဓားနဲ့လှီးထွက်ပြေးသွားခဲ့ကြတာပါ။
အဲဒီအသက်ခြောက််တနှစ်အရွယ် မြန်မာလူမျိုးဆောက်လုပ်ရေးကန်ထရိုက်တာဖြစ်ပါတယ်။
အဲဒီမြန်မာလုပ်သားနှစ်ဦးက ပြီးခဲ့တဲ့သုံးလကကျန်နေတဲ့ လုပ်ခလစာ ဘတ်တထောင့်ရှစ်ရာ့ငါးဆယ်ကို တောင်းပေမယ့် မပေးတာကြောင့် ရွှေဆွဲကြိုးကို လုယူထွက်ပြေးခဲ့ရတာလို့ ရဲကိုဝန်ခံထားကြပါတယ်။
အဲဒီနှစ်ဦးကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ကအခင်းဖြစ်ရာသို့ခေါ်ယူသက်သေထွက်ဆိုချက်ပြန်သရုပ်ပြခို င်းပြီး ဥပဒေအတိုင်းဆက်တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုပါတယ်။













