Border News Agency
တအာင်း၊ဇူလိုင် ၂၂။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ဟာတအာင်းဒေသ ပေါ်ထွန်းရေးကို ရည်မှန်းထားပေမယ့် ပြည်ထောင်စုကနေလုံးဝခွဲမထွက်ဘဲ တခြားပြည်နယ်တွေနဲ့တန်းတူ စီမံအုပ် ချုပ်ခွင့်ရရှိပြီးအတူတကွ တည်ဆော က်သွားဖို့ ရည်မှန်းထားတယ်လို့အမျိုး သားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာပြောပါတယ်။
နေပြည်တော်မှာဇူလိုင်လ ၁၉ ရက်နေ့က တွေ့ကြပြီး တအာင်းတပ်ဒုတိယဥက္ကဋ္ဌ ၁ တားဂျာ့ဂျား ဦးဆောင်တဲ့လှယ်ခြောက်ဦးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ဦးဆောင်ဆယ့်တဦးတို့ တက်ကြတာပါ။
အဲဒီမှာ တအာင်းတပ်က နမ့်ဆန်း၊ မန္တုံ၊ နမ့်တူနဲ့ နမ့်ခမ်း စတဲ့လေးမြို့နယ်မှာ တိုက်ခိုက်မှုတွေ ကင်းပြီးဒေသခံတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖော်ဆောင်နေကြောင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်လွှဲရေးကိုလည်း သဘောတူညီချက်အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီအပြင် တအာင်းဒေသအတွင်း ဆယ်စုနှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ကို ရှောင်ရှားကာ အေးချမ်းစွာ နေထိုင်လိုပြီးလားရှိုးမြို့ လျှပ်စစ်မီး ရရှိရေးနဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက် အစိုးရထောက်ပံ့ကူညီမှုတွေ လိုတယ်လို့ တောင်းပါတယ်။
ဟိုင်ပိုင်သဘောတူညီချက်အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် နှစ်ဘက်ဆက်ပေါင်းလုပ်သွားဖို့နဲ့ နောက်တွေ့ဆုံပွဲကို နမ့်ဆန်းမြို့မှာလုပ်ဖို့ဆက်ညှိဖို့ သဘောတူခဲ့ကြပါတယ်။










