Border News Agency
သထုံ၊ ဇူလိုင် ၂၂။
မွန်ပြည်၊သထုံမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်သားငါးဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဇူလိုင်လ ၂၂ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီသထုံမြို့နယ်၊ကြက်ခြေခတ်ကျေးရွာအနီးအာဏာသိမ်းစစ်ကြောင်းထိုးလာတာကို ဇူလိုင်လ ၅ ရက်နေ့က ကရ င်တပ်တွေနဲ့ နှစ်ရက်တိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီလိုတိုက်ပွဲမှာအာဏာသိမ်စစ်သားငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သားကုန်ပစ္စည်းတွေမော်တော်ယာဉ်တွေကို အာဏာသိမ်းစစ်တပ်ကအတင်းအဓမ္မသိမ်းယူပြီး ကုန်ပစ္စည်းတွေနဲ့ကုန်တင်ယာဉ်နှစ်စီးကို မီးရှို့ဖျက် ဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် တက်တူကုန်းကျေးရွာနဲ့ ကြက်ခြေခတ်ကျေးရွာက ပြည်သူတွေနေအိမ်တွေကိုလည်း ဖောက်ရှာပြီးနေ အိမ်ခြောက်လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


















