Border News Agency
မြဝတီ၊ ဇူလိုင် ၂၉။
ကရင်ပြည်၊ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့အနီးရှိရပ်တော်မူဘုရားဘုန်းကြီးကျောင်းကို ဇူလိုင်လ ၂၈ ရက်နေ့က စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းထိုင် ဆရာတော်တပါး ဗုံးထိမှန်ပျံလွန်တော်မူခဲ့ပါတယ်။
အဲဒီဝေါ်လေရှိ KNLA တပ်စခန်းတွေကိုလည်း စစ်တပ်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျက်စီးတာတွေရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။















