Border News Agency
ကနီ၊ဩဂုတ် ၈။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်လူထုလှုပ်ရှားမှုကို ကနီမြို့နယ်မှာပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို “ပေးဆပ်သွားတဲ့မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်ရမယ်”လို့ ကြွေးကြော်ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ရက်နေ့ကစတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကို “စစ်တပ်ဆိုတာပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး မခြိမ်းခြောက်ဘူး” ဆိုပြီး ယုတ်မာရက်စက်ခဲ့တာကြောင့် ကျောင်းသား၊ပြည်သူတွေ အသက်စွန့်လွှတ်ခဲ့ရပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးဟာ သမိုင်းအဆက်ဆက်ပေးဆပ်သွားခဲ့ရသူတွေအတွက် ဒို့မျိုးဆက်က ဆက်လက်ထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန် ဖြစ်တယ်လို့ ဆိုပါတယ်။













