Border News Agency
မန္တလေး၊ သြဂုတ် ၁၀။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကျော်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ်လ ၁၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဧရာဝတီမြစ်ရေဟာ ဒီနေ့ နေ့လည် ၁၂ နာရီခွဲတိုင်းထွာချက်အရ ၂၁၂၇ စင်တီမီတာကို ရောက်ရှိနေပြီး ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၇ စင်တီမီတာအထိ ကျော်လွန်နေတာပါ။
ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာစဉ်က စိုးရိမ်ရေမှတ်အထက် ၇ စင်တီမီတာကျော်နေပြီးမွန်းလွဲပိုင်းမှာ မြစ်ရေဆက်တက်လာတာ ဖြစ်ပါတယ်။
ညောင်ဦးမြို့မှာ မြစ်ရေမှတ်ကို တရက်ကိုသုံးကြိမ်တိုင်းနေပြီး ရေကြီးရေလျှံမှုတွေကို မိုးဇလနဲ့ပြန်ကြားရေးဦးစီးဌာနထုတ်ပြန်နေပါတယ်။











