Border News Agency
ဘားအံ၊ သြဂုတ် ၁၁။
ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၁ ရက်နေ့၊ မနက် ၈ နာရီအချိန်ထုတ်ပြန်ပါတယ်။
အဲဒီဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်ဟာ ရှစ်ဆယ်စင်တီမီတာရောက်နေပြီး နောက်တရက်အတွင်းတဆယ်စင်တီမီတာထပ်တက်လာနိုင်တာမို့ စိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဘားအံမြို့နယ်ရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာကို ရှောင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင်တောင်မြေပြိုတာတွေ၊လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊အဆောက်အအုံတွေပျက်စီးတာတွေလည်းဖြစ်နေပါတယ်။






