Border News Agency
ကျောက်တော်၊ သြဂုတ် ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက်နှစ်ဆယ်အောက်ကျောင်းသားနဲ့ လူငယ်တဆယ့်ကိုးဦးကို ဩဂုတ်လ ၁၁ ရက်၊ဒီနေ့ မိဘတွေဆီပြန်အပ်လိုက်ပါတယ်။
အဲဒီမှာအသက်ဆယ့်ငါးနှစ်မှနှစ်ဆယ်အရွယ်အဋ္ဌမတန်းမှ ဒသမတန်းထိကျောင်းသားတဆယ့်သုံးဦးနဲ့ တခြားလူငယ်ခြောက်ဦးပါဝင်ပါတယ်။
အဲဒီကျောင်းသားနဲ့လူငယ်တွေကို အာရက္ခတပ်တော်တာဝန်ရှိသူတွေနဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေက မိဘတွေဆီပြန်အပ်တာဖြစ်ပြီး မအပ်နှံမီကြိမ်ဒဏ်သုံး ချက်မှငါးချက်ထိပေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဟာ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့သံသယနဲ့ စုံစမ်းစစ်ဆေးပြီး ရက်ပေါင်းသုံးဆယ်နီးပါးထိန်းသိမ်းခံခဲ့ရတာပါ။
သူတို့ရဲ့ကျန်းမာရေးကို ကြိုစစ်ဆေးပြီးမှ မိဘတွေဆီပြန်အပ်ခဲ့တာဖြစ်ပါတယ်။


















