Border News Agency
မီဇိုုရမ်၊ဩဂုတ် ၁၈။
မီဇိုရမ်ပြည်နယ်၊ စိုင်သူးအာလ် (Saitual) ခရိုင်၊ ငေါပါ (Ngopa)မြို့နယ်မှာ သြဂုတ်လ ၁၈ ရက်၊ဒီနေ့ မနက်က အာသံရိုင်ဖယ် (AR) တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ သတင်းအချက်အလက်အရပူးပေါင်း စီးနင်းမှုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီစီးနင်းမှုအတွင်း ကာလတန်ဖိုးအိန္ဒိယရူပီး ၁၂ ဒသမ ၀၉ ကုဋေခန့်တန်ကြေးရှိ မူးယစ်ဆေးဝါးနံပါတ် ၄ အလေးချိန် ၁ ဒသမ ၆၁၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
မော်တော်ယာဉ်နှစ်စီးအတွင်းမှ မူးယစ်ဆေးဝါးတွေထည့်သွင်းထားတဲ့ ဆပ်ပြာခွက် ၁၄၉ ခွက်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပါဝင်ပတ်သက်သူအမျိုးသားနှစ် ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။
ဒေသတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာရဲစခန်းသို့လွှဲပြောင်းကာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ ဆက်လက်အရေးယူထားပါတယ်။






