Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို)က ရုံးအကူ ရာထူးနေရာအတွက် ဝန်ထမ်းခေါ်ယူနေပြီး လျှောက်လွှာတွေကို စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။
အဲဒီရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကွန်ပျူတာအခြေခံအဆင့် တတ်မြောက်ထားသူ အမျိုးသမီးတဦးခေါ်ယူမှာဖြစ်ကာ လျှောက်ထားသူဟာ အသက်တဆယ့်ရှစ် နှစ်ပြည့်ပြီး နှစ်ဆယ့်ငါးနှစ်ထက်မကြီးသူဖြစ်ရပါမယ်။
ရွေးချယ်ခံရရင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
လျှောက်လွှာပုံစံတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို)နဲ့ နီးစပ်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွေမှာ ထုတ်ယူနိုင်ပါတယ်။
အဲဒီအပြင်နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အတန်းပြီးမြောက်ကြောင်း ထောက်ခံစာမိတ္တူနဲ့ အတူ စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဌာနရဲ့ Telegram Account (@AHDCentralOffice) သို့ ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေကိုလူတွေ့ နှုတ်ဖြေ စစ်ဆေးမှုတခုတည်းကိုသာပြုလုပ်မှာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။









