Border News Agency
ပတ္တယား၊ စက်တင်ဘာ ၃။
ထိုင်းနိုင်ငံ၊ပတ္တယားမြို့ဆီရောက်ရှိလာတဲ့ အမေရိကန်စစ်သည်တွေအများစုဟာ မနေ့ညက အနားယူခဲ့ကြပြီးနောက် ဒီနေ့မှာတော့ မြို့အတွင်းရှိအပန်းဖြေနေရာတွေဆီ စတင်ထွက်ခွာလည်ပတ်နေကြပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ညကစစ်သင်္ဘောပေါ်ကနေ ဆင်းသက်လာကြတဲ့စစ်သည်တွေအနေနဲ့ အနားယူဖို့လိုအပ်ခဲ့ကြတာကြောင့် မြို့အတွင်းကို အများအပြားထွက်ခွာလည်ပတ်တာမျိုး မရှိသေးပါဘူး။
ဒီနေ့မှာတော့ အမေရိကန်စစ်သည်တွေအနေနဲ့ နှိပ်နယ်ရေးစခန်းတွေ၊စပါးတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေအပါအဝင် ပတ္တယားမြို့ရဲ့ ထင်ရှားတဲ့ခရီးသွားနေရာ အသီးသီးဆီ ပိုမို ပြန့်နှံ့ရောက်ရှိလည်ပတ်နေကြတာ ဖြစ်ပါတယ်။
အဲဒီလို စစ်သည်တွေလာရောက်အပန်းဖြေမှုကြောင့် ပတ္တယားမြို့ရဲ့စီးပွားရေးနဲ့ ခရီးသွားလာရေး စျေးကွက်အတွင်း လာရောက်အသုံးပြုသူတွေနဲ့ ပိုမိုစည်ကားလာမယ်လို့လည်းဆိုပါတယ်။


























